Part⛈11(Unicode)

1.8K 175 2
                                    

ဦးလေးတို့နဲ့အတူ အဝတ်အစားတောက်တောက်ပြောင်ပြောင်ဝတ်ထားတဲ့ဧည့်သည်လေးယောက်က စကားလက်ဆုံကျနေသည်။ခပ်ဝဝအမျိုးသမီးကြီးဟာ ဦးလေးရဲ့အစ်မဖြစ်သူဖြစ်လိမ့်မည်။မျက်နှာပေါက်အနည်းငယ်ဆင်တဲ့ အန်တီကြီးက ရွှေတွေပါပြည့်နေအောင်ဝတ်ထားရုံမက ခပ်ငယ်ငယ်မိန်းကလေးမှာပါ ရွှေတွေကအပြည့်။

ခူးလာတဲ့အတူပန်းတွေကို စားပွဲပေါ်မှာတင်နေရင်း ကျွန်တော့်ဘေးကို လူတစ်ယောက်ရောက်လာ၏။အကိုလားဆိုပြီးလှည့်ကြည့်လိုက်တော့ အကိုမဟုတ်။တစ်ခါမှမမြင်ဖူးသော မျက်နှာပေါက်နဲ့လူတစ်ယောက်ဖြစ်သည်။

ဖြူနေတဲ့အသားအရေကြောင့် လက်ကအကြောစိမ်းတွေကလဲပေါ်နေသည်။တီရှပ်လက်တိုနဲ့ဂျင်းဘောင်းဘီကိုစတိုင်ကျကျဝတ်ထားတဲ့ထိုလူက ခပ်ချောချောတစ်ယောက်ပင်ဖြစ်ပါသည်။

"ကို..ဘာကူရမလဲ"

"ရတယ်ဗျ၊ကျွန်တော့်ဘာသာလုပ်ပါမယ်"

"အရင်ကမတွေ့ဖူးဘူးနော်၊အန်တီ့ဘက်ကအမျိုးလား။ကိုယ့်နာမည်ကစေတန်ပါ။မင်းနာမည်ကရော"

"ဟို.ကျွန်တော့်နာမည်ကလွန်းတံပါ"

သူမေးတဲ့အကြောင်းစုံကိုမဖြေချင်တာကြောင့် နာမည်ကို ခပ်မြန်မြန်ဖြေလိုက်ပါသည်။

"ကံကော်ပန်းလေးက လှတယ်နော်၊မင်းနဲ့လိုက်တယ်"

"ဗ်ာ.."

ကျွန်တော့်မျက်နှာကို ပြုံးစိစိကြည့်ရင်းထိုလူက ပြောလိုက်တာဖြစ်သည်။
ကျွန်တော်ခူးလာတဲ့ပန်းတွေထဲမှာ ကံ့ကော်ပန်းလဲမပါလာပါ။ဒီလူမျက်စိမှကောင်းသေးရဲ့လားမသိ။ကျွန်တော့်မျက်နှာကိုပဲဘေးတစောင်းအနေအထားနဲ့စိုက်ကြည့်နတာကြောင့် ကျွန်တော့်မှာ ဘာလုပ်လို့လုပ်ရမှန်းမသိအောင် အယောင်ယောင်အမှားမှား။

"မင်းပုံစံလေးကိုကြည့်ရတာ ရွာမှာနေတယ်လို့တောင်မထင်ရဘူးနော်။ဖြူဥနေတာပဲ အဲ့ဒါကြောင့်ကိုယ်က မေးမိတာပါကွာ..အနှောင့်အယှက်ဖြစ်သွားလားဟင်"

မျက်နှာချိုချိုလေးနဲ့ထိုအကိုဟာလဲ သဘောကောင်းသူတစ်ယောက်ဖြစ်မှန်းကျွန်တော်ခန့်မှန်းမိပါတယ်။

အစိမ်းနုရောင်အိပ်မက်Dove le storie prendono vita. Scoprilo ora