Part🎡3(Unicode)

3.2K 257 2
                                    

"မဖြစ်ပါဘူး ကျွန်မဘယ်လိုမှလက်မခံနိုင်ဘူး၊တခြားသူနဲ့ဆိုကျွန်မစိတ်ပြောင်းချင်ရင်ပြောင်းပါလိမ့်မယ် မွန်းမံနဲ့ဆိုရင်တော့ ကျွန်မသဘောမတူနိုင်ဘူး"

"ဟယ်..ဖြစ်ခဲ့တာတွေလဲဖြစ်ပြီးပြီပဲမာလာရယ်၊တို့လဲကြံရာမရဖြစ်ရပါတယ်၊ကလေးတွေရဲ့မျက်နှာကိုထောက်ပြီး နားလည်ပေးလိုက်ပါကွယ်နော်"

"မွန်းမံကဘယ်သူနဲ့မှာမတူဘူးဖွားခင်၊လူကစွာပြီးတအားလဲစိတ်ဆတ်တာ။ကျွန်မသားလေးကိုတစ်သက်လုံး သူနိုင်စားသွားမှာမဖြစ်ပါဘူး၊ကျွန်မသားလေးက အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နေတတ်တဲ့ကလေးပါ၊အမြန်ဆုံးသာပြန်ရှာပေးပါဖွားခင်ရယ်"

"မာလာရယ်။လောလောဆယ်တော့ ငါတို့လဲဘာမှမတတ်နိုင်သေးလို့ပါ။အချိန်လေးခနယူပြီးစဉ်းစားကြည့်ပါအုံးလား၊တို့တွေက သူစိမ်းတွေမှမဟုတ်တာပဲမာလာရယ် ဒီလောက်ထိခါးခါးသီးသီးကြီးတော့မပြောလိုက်ပါနဲ့"

"ဒီလို လူရင်းတွေမလို့ပဲအားနာနာနဲ့ သဘောမတူနိုင်တာပါဖွားခင်ရယ်။အဲ့ကောင်လေး မွန်းမံအကြောင်းကိုကျွန်မသိတယ်၊မဖြစ်ဘူး..မဖြစ်ဘူးဖွားခင်ရယ်။ကျွန်မတို့ဘက်ကလဲ အမြန်လိုက်ရှာမှာမလို့ဖွားခင်တို့ဘက်ကလဲ အမြန်ရှာပေးပါရှင်"

အန္တီမာလာက ကျွန်တော်တို့မြေးဖွားကိုပင်ဆက်ဧည့်မခံနိုင်တော့။လာပြီး မပြောလိုက်တာမှအကောင်းသား။ခုတော့ပြသနာကစပြီ။အကိုကြီးအဖရာ ကျွန်တော့ခေါင်းပေါ်ပဲ ဒီကိစ္စကရောက်လာအုံးမှာ။မွန်းမံ...မင်းတော့လားကွာ။

"ဟယ္လို....သားရေ။လုပ်ပါအုံးမင်းအစ်ကို...ဟို..ဟိုဟာ၊အမလေးနော်...ငါတော့ဘယ်လိုပြောရပါ့မလဲ။"

". ............."

"မင်း..အကိုနောက်ကိုလိုက်ပေးပါအုံးသားရယ်.."

". ........"

"ဟုတ္တယ္သား..မနေ့ညထဲကထွက်သွားတာ ခုအထိပြန်မလာသေးဘူး။လုပ်ပါအုံးသားရယ်..အသိတွေနဲ့ချိတ်ဆက်ပြီး မြန်မြန်ရှာပေးပါ.."

ဖုန်းတစ်ချက်ဆက်ရင်း အန်တီမာလာရဲ့ပုံက အပူမီးကိုဖင်ထိုင်ထားသလို မထိုင်နိုင်မထနိုင်ဖြစ်နေသည်။အစကအခြေအနေမဆိုးပေမယ့် နောက်ပိုင်းဇာတ်ရှိန်ကျကာမှ ဘီလူးဆိုင်းတွေ ပါလာမှာဆိုးတာကြောင့် အဖွားနဲ့ကျွန်တော့ တစ်ယောက်ကိုတစ်ယောက်မျက်ရိပ်ပြရင်း အိမ်ထဲက ထွက်လာခဲ့ပါသည်။

အစိမ်းနုရောင်အိပ်မက်Where stories live. Discover now