Part🎨10(Unicode)

1.9K 164 2
                                    

"မောင်လေးရေ..လွန်းတံ"

"ဗ်ာ..အစ္မ"

အန်တီ့ကိုဟင်းကူချက်ပေးနေရင်းက အိမ်ရှေ့မှခေါ်သံကြောင့် အမြန်ထူးလိုက်သည်။ရင်းနှီးပြီးသားဖြစ်နေတဲ့အစ်မရဲ့အသံကြောင့် ဘယ္သူဆိုတာ အတိအကျသိနေပြီ။

"လာအစ္မ..မီးဖိုထဲမွာ ကျွန်တော်ကဟင်းကူချက်ပေးနေတာ"

"အန်တီတို့များနော် သူ့မွေးစားသားလေးရှိနေတာနဲ့ ဒီကမွေးစားသမီးလေးကိုပါ မေ့နေပြီ။"

ကျွန်တော့်အနားမှာစွေ့ခနဲဝင်ထိုင်ရင်း အစ္မက အန်တီ့ကိုပါစနေသေးသည်။

"ဒီမွေးစားသားလေးကအရမ်းအားကိုးရတော့ ငါလဲနင်တို့မောင်နှမနှစ်ယောက်ကို ဘယ်ကိုသွားပး်ရမလဲတောင်ဖြစ်နေပြီ။"

အစ္မက အသံထွက်ကာရယ်ရင်း သူယူလာတဲ့ချိုင့်ထဲကဟင်းတွေကိုလှယ်ပြီးထည့်နေသည်။မဆလာနံခပ်သင်းသင်းလေးက နှာခေါင်းဝမှာ ကလူကျီဆယ်နေပြန်သည်။

"အတော်ပဲသမီးရယ်။ငါလဲ ဘာဟင်းတွေချက်ရမှန်းမသိအောင်ခေါင်းတွေရှုပ်နေလို့ မြို့ကလာတဲ့သူတွေဆိုတော့ တို့တောက အစားတွေမစားနိုင်မှာကလဲကြောက်ရသေးတယ်"

"မပူပါနဲ့အန်တီရယ်၊ခုနေ့ဟင်းက အဖွားကိုယ်တိုင်ချက်ပေးလိုက်တာ ပြီးတော့အန်တီ့ကိုပြောနေတယ် တစ်ခေါက်မှပေါ်မလာလို့တဲ့"

"ငါလဲနင်မြင်တဲ့အတိုင်းပဲသမီးရယ် လွန်းတံလေးရှိလို့သာ နည်းနည်းသက်သာနေတာ မဟုတ်ရင် တစ်ယောက်တည်းလည်နေတာ"

ကိုယ့်ရှေ့တင်ချီးမွန်းခန်းတွေဖွင့်နေတဲ့အတွက် နေတောင်မနေတတ်တော့။ကိုယ့်ရဲ့တစ်စိတ်တစ်နေရာက အကူညီလေးတွေက သူတို့အတွက်အဆင်ပြေသွားတယ်ဆိုတာ ကြားရတော့ စိတ်ရင်းအမှန်နဲ့ကို ဝမ်းသာမိသည်။

"ဒါနဲ့အန်တီ ခုနေ့သင်္ကြန်မဏ္႑ပ်တွေပြင်နေကြပြီ၊ပြီးရင်လွန်းတံလေးကို ခနခေါ်သွားမယ်နော်။ပိုးဥတို့နဲ့လဲ အတာပန်းခူးဖို့ပြောထားလို့အန်တီ့အတွက်ပါ ပိုခူးလာခဲ့လိုက်မယ်"

"အေးသမီးခေါ်သွားလေ။အရမ်းတော့နောက်မကျစေနဲ့နော်။ကဲ..ထားဒါတွေထားခဲ့လိုက်တော့ ခုထဲကသွားလိုက်တော့။တော်ကြာနင့်မောင်ပြန်လာလို့ တွေ့ချင်တာမတွေ့ရလို့မျက်နှှာပျက်နေရင်ငါပဲခေါင်းနောက်ရအုံးမှာ"

အစိမ်းနုရောင်အိပ်မက်Where stories live. Discover now