"သွားကြတော့မလား မောင်လေး"
အစ္မကိုခေါင်းတစ်ချက်အသာ ညှိတ်ပြရင်း ဆိုင်ကယ်သော့ကိုယူကာ အိမ်ရှေ့ထွက်လာခဲ့လိုက်သည်။
နေရောင်လင်းခါစ မနက်ပိုင်းမလို့ ပတ်ဝန်းကျင်က မှိုင်းညှို့လို့နေသည်။မြေနီလမ်းတစ်လျှောက်အလေ့ကျ ပေါက်ရောက်နေတဲ့ မြက်ပင်တွေနဲ့ကိုင်းပင်တို့ကလည်း လှလှပပရှိနေသည်။
"ငါးခြောက်ရယ်ပုစွန်ခြောက်ကတစ်ပိသာနော်မောင်လေး"
"အင်း"
"ပြီးတော့ နာနတ်ယိုနဲ့လိမေ္မာ်ရည်အဆီပုလင်းက သုံးလုံး။အာလူးကနှစ်ပိသာ၊ပြီးတော့.."
"သာကူလားအစ္မ"
"အေး..ဟုတ်တယ်မောင်လေး။သာကူနဲ့ထန်းလျှက်။ကျောက်ကျောထုပ်။"
"အစ်မကလည်း အပင်ပန်းခံလို့။မေမေစာရင်းပေးလိုက်တာကိုပြန်ကြည့်လိုက်ပါလား"
စိတ်မရှည်တဲ့လေသံနဲ့ပြောလိုက်တဲ့မောင်လုပ်သူကို ဘာမှတော့ပြန်မဖြစ်။ကိုယ့်မောင်ရဲ့ စိတ်အကြောင်းကို ကိုယ်သာအသိဆုံးမလို့ လက်ဆွဲခြင်းကိုပေါင်ပေါ်တင်ကာ လက္တစ္ဖက္ကို ဆိုင်ကယ်နောက်ကိုကိုင်ထားလိုက်သည်။ကျန်တစ်ဖက်ကိုတော့ မောင်လုပ်သူရဲ့ပုခုံးထပ်သို့ ခပ်ဖွဖွတင်လိုက်သည်။
"ဟာ..အစ်မ။လွှတ်ပါဗျာ။အဲ့လိုလက်တင်ထားရင် ကျွန်တော် မေနတတ္ဘူး။"
"အေးပါ။မိန်းမရကာမှ ပုခုံးပေါ်လက်တင်ပြီးစီးရုံနဲ့ဟိုကမရလို့ ခါးကိုပါဖက်လာရင်နင်ဘယ်လိုလုပ်မှာလဲပြော"
အမေးရှိပေမယ့် အဖြေက နတၳိ။တေမိမင်းသားတဖြစ်နဲ့မောင်လုပ်သူကို စိတ်ထဲကသာ ဆဲရင်း လမ်းဘေးဝဲယာကို ကြည့်နေမိသည်။
"မေမေက ငါးခြောက်တွေ ပုစွန်ခြောက်တွေ အဲ့လောက်အများကြီးဘာလုပ်ဖို့တဲ့လဲအစ်မ။"
"သကြန်အကျနေ့ရောက်ရင် ဥပုသ်သည်တွေကို ဆွမ်းကျွေးဖို့လေမောင်လေးရဲ့။ခုနှစ်တော့ ဥပုသ်လိုက်စောင့်မယ်မလားမောင်လေး"
"မစောင့်ချင်ပါဘူးဗျာ။ဘုန်းဘုန်းက တရားကရှည်နဲ့ ကျွန်တော်အိပ်ငိုက်လိမ့်မယ်၊မမတို့ဘာသာသွားကြပါ။ကျွန်တော်က အဲ့နေ့တွေလဲ စိုက်ခင်းထဲမှာပဲရှိနေမှာ"
JE LEEST
အစိမ်းနုရောင်အိပ်မက်
Fantasyအချစ်ဟာ အဓိပ္ပါယ်များစွာနဲ့ ပြည့်နှက်နေပါတယ်။ရယူခြင်းလား ပေးဆပ်ခြင်းလား ခွင့်လွှတ်နားလည်ခြင်းပေလား။အချစ်ရဲ့အဓိပ္ပါယ်ကို ကျွန်တော်တို့ တစ်ဦးချင်းဆီ ကွဲလွဲစွာအဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။