Part☘4(Unicode)

3.1K 237 2
                                    

အေးမြတဲ့လေထုက ပတ်ဝန်းကျင်တစ်ခွင်လုံးပြန့်ကျက်လာသည်။ပြတင်းပေါက်မှတစ်ဆင့်မြင်နေရတဲ့ စိုက်ပျိုးပင်တို့က မျက်စိအေးစရာ ရှိနေသည်။မနက်အစောကြီးထနေကျဖြစ်သူပီပီ အိပ်ရာကစောစောထရင်း စောင်တွေခြင်ထောင်တွေကိုခေါက်ပြီး ခေါင်းရင်းက သစ်သားစဉ်ပေါင်တင်ထားလိုက်သည်။

ပွနေတဲ့ဆံပင်ကို လက်နဲ့ခပ်ဖွဖွဖီးလိုက်သည်။
အိမ်လှေကားမှ ခပ်မြန်မြန်လှမ်းလျှောက်လာတော့ အိမ်အောက်ထပ်ကအဘသာအောင်တို့ပင် မနက်စာစားနေကြပြီ။မီးဖိုဘက်မှထွက်လာတဲ့ ငါးခြောက်နံ့က ကျွန်တော့်ရဲ့ဗိုက်ကို ကလူကျီဆယ်နေပြန်သည်။

"ဟာ..လူလေး ခုနေ့အရင်နေ့တွေထက်တော့စောသားပဲကွ။ဗိုက်ဆာနေပြီထင်တယ်။
သြား..သွားမျက်နှာမြန်မြန်သစ်ချေ။ပြီးရင်မနက်စာလာစားလိုက်တော့။မင်းအဖွားက မင်းကြိုက်တဲ့ငါးခြောက်လေးဖုတ်ပြီး ကြက်သွန်နဲ့သုပ်ပေးထားတယ်"

"ဟုတ် အဘ။ခနနော် ကျွန်တော်မျက်နှာသစ်ပြီးတာနဲ့ မနက်စာလာစားလိုက်ပါမယ်"

အဘသာအောင်တို့လင်မယားက ကျွန်တော့်ကို ငယ်ငယ်တည်းက ထိန်းကြောင်းလာခဲ့ကြတဲ့သူတွေပါ။သားသမီးမရှိတဲ့အပြင် ကျွန်တော့်အဘိုးသူကြီးမင်း အသက်ရှိစဉ်အချိန်တည်းက ဆွေများသားရင်းလို အလုပ်တွေကူညီလုပ်ကိုင်ပေးရင်း အတူတူနေထိုင်ခဲ့ကြတာဖြစ်သည်။ကျွန်တော့်ဖေဖေ ခုလက်ရှိရွာသူကြီးကို ထိန်းကြောင်းခဲ့ရုံမက ကျွန်တော့်ကိုပါ မြေးအရင်းတစ်ယောက်လိုချစ်ပြီး ထိန်းကျောင်းခဲ့တာဖြစ်သည်။

အသက်အရွယ်ရလာတဲ့အခါ အဘနဲ့အဖွားတို့က ကျွန်တော့်တို့ပိုင် စိုက်ပျိုးရေးခြံလေးထဲကို ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။အဖော်အဖြစ်ဆွေမျိုးမကင်းတဲ့အစ်မတစ်ယောက်ထားပြီးနေကြပေမယ့် ဒီအဖိုးအဖွားတွေကို စိတ်မချလှတဲ့မေမေက ကျွန်တော့်ကိုပါ ဒီခြံလေးထဲမှာ ရက်ခြားနေစေခဲ့တာဖြစ်သည်။

အဖိုးနဲ့အဖွားတို့ အိမ်ပြောင်းနေမယ်ပြောတုန်းကဆို မေမေက အသည်းအသန်ငိုခဲ့တာ။မိဘမဲ့ဖြစ်ခဲ့သူမေမေက သူ့ယောက္ခမဖြစ်တဲ့ဖေဖေရဲ့ အဖေနဲ့အမေကို ရိုသေလုပ်ကျွေးခဲ့ရုံမက အဘသာအောင်တို့ကိုပါ မိဘအရင်းလို ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။သံယောဇဉ်တွယ်တတ်သူမေမေက တွေ့သမျှကလေးတွေကိုလဲ မုန့်ပဲသရေစာတွေပေးရင်း ရွာလူကြီးဇနီးဆိုတဲ့ မေတ္တာပိုင်ရှင်တစ်ယောက်လို စံပြုနေထိုင်တတ်သူဖြစ်ပါတယ်။

အစိမ်းနုရောင်အိပ်မက်Tempat cerita menjadi hidup. Temukan sekarang