Part🍯8(Unicode)

2.2K 195 2
                                    

သွပ်ပေါ်ကို ဖြည်းညှင်းစွာကျလာတဲ့ အရာတို့ရဲ့အသံကို ကျွန်တော်ကြားနေရသည်။ဒါက လေတိုက်လို့သစ်ရွက်လေးတွေကြွေပြီး က်လာတဲ့အသံ။
အလင်းတန်းဖြူဖြူတစ်ခုက ကျွန်တော့်အာရုံထဲပေါ်လာသည်။မတိုးမကျယ်စကားပြောသံတွေနဲ့ နဖူးပေါ်ကိုရောက်လာတဲ့အထိအတွေ့ကို ကျွန်တော်ခံစားမိသည်။

"ရိုးရာရေ...သား..ဒီကိုလာပါအုံး၊ဒီမှာမင်းရဲ့ညီနိုးလာပြီ"

ကျွန်တော်မျက်လုံးဖွင့်လိုက်ပြီး အသံလာရာဘက္ကို ကြည့်မိတော့ ဥပဓိရုပ်ကောင်းတဲ့အမျိုးသမီးတစ်ယောက်က ကျွန်တော့်ရဲ့နဖူးကို ရေပတ်ဝတ်ကလေးတိုက်ပေးရင်း နှစ်လိုဖွယ်ပြုံးပြနေသည်။

"ကျွန်..ကျွန်တော်ဘယ်ရောက်နေတာလဲ"

"သားကအန်တီတို့ရွာထိပ်မှာလဲနေတာတွေ့လို့ ရိုးရာကခေါ်လာခဲ့တာလေသား။"

"ဗ်ာ.ကျွန်တော်ကဒီရွာထိပ်မှာလဲနေတာဟုတ်လားအန်တီ"

ပြန်စဉ်းစားစမ်း၊ဦးနှောက်ကိုအလုပ်ပေးတော့လဲမရ။ဝေဝါးဝါးပုံရိပ်တွေကသာ ခေါင်းထဲပေါ်လာသည်။ဘာဆိုဘာမှမမှတ်မိတော့။

"ကျွန်တော့်နာမည်က လွန်းတံခပါ။ကျွန်တော်ဒါပဲမှတ်မိတယ်။ကျွန်တော့်နေရပ်လိပ်စာ မိဘဆွေမျိုးကျွန်တော်ဘာတစ်မှမမှတ်မိတော့ဘူးအန်တီ။ကျွန်တော်နာမည်တစ်ခုပဲမှတ်မိပြီး ကျန်တာတွေမမှတ်မိတော့ဘူးဆို ဖြစ်နိုင်ရဲ့လားအန်တီ။.အား..ကျွတ်ကျွတ်"

ကိုက်လာတဲ့ခေါင်းကို လက်နဲ့အသာဖိထားရင်း မျက်လုံးကိုမှိတ်ချလိုက်သည်။လူကအားမရှိတဲ့ကြားက စကားတွေအများကြီးကို မနားမနေပြောလိုက်တာကြောင့် အတန်ပင်မောသွားရပြန်သည်။အသက်ရှူတွေကမြန်ကာ လူကစိတ်မောလူမောကြီးဖြစ်နေသည်။

"သိပ်မစဉ်းစားနဲ့အုံးမောင်လေး။ဒါတွေကဖြည်းဖြည်းချင်းစဉ်းစားပြီးယူရမှာပေါ့။ရော့ ရေလေးသောက်လိုက်အုံး"

ရင့်ကျက်လှတဲ့မျက်နှာပိုင်ရှင်အမျိုးသမီးငယ်တစ်ဦးက ကျွန်တော့်ဆီရေခွက်လေးတစ်ခွက်ကိုင်ပြီးဝင်လာသည်။ကမ်းပေးလာတဲ့ဖန်ရေခွက်လေးကို ကိုင်ရင်း နည်းနည်းဆီသောက်ချလိုက်တော့ နာနေတဲ့လည်ချောင်းကြောင့် ရေက ကောင်းကောင်းမဝင်။

အစိမ်းနုရောင်အိပ်မက်Where stories live. Discover now