မဟာသင်္ကြန် အကြိုနေ့မေမေပြင်ပေးတဲ့မနက်စာကို စားရင်း ခြံထဲကိုဝင်လာတဲ့ အစ်မပိုးဥဦးဆောင်လာတဲ့အပျိုတစ်အုပ်က ရေခွက်ကိုယ်စီကိုင်ကာ ပိတောက်ပန်းများပန်ရင်းအလှပဆုံးပြင်ဆင်လာကြတာကြောင့်ကျွန်တော့်မှာ အမြင်များမှားလားဟု မျက်စိကိုပွတ်ကြည့်ရတာလဲ အကြိမ်ကြိမ်။မိုးမလင်းသေးဘူး သူမ်ားအိမ္ကို ဘာလာလုပ်ကြတာပါလိမ့်။
"ဟဲ့..အိမ်ရှေ့ကဘယ်သူတွေလဲ၊အိမ်ထဲဝင်ကြလေ"
"သမီးတို့ အန္တီ"
"ရောက်လာကြပြီပဲ..ထိုင်ကြအုံးသမီးတို့"
အစ္မပိုးဥက အိမ်ထဲကို ဝင်လာပြီးမေမေနဲ့စကားတွေပြောနေပေမယ့်မျက်လုံးကတော့အငြိမ်မနေဘဲ တစ်ခုခုကိုရှာနေဟန်ကျီးကန်းတောင်းမှောက်ရှာနေပြန်သည်။
"ဟဲ့..ဘာရှာနေတာလဲပိုးဥရဲ့၊ညည်းတို့လဲနော် ဥပုသ်လေးဘာလေးစောင့်ရင်းကုသိုလ်ယူမယ်မရှိဘူး မကြီးမငယ်နဲ့ သင်္ကြန်ရေပတ်ကထွက်ချင်သေးတယ်"
"နောက်နေ့လိုက်မှာပါ အန်တီရဲ့၊သမီးတို့ကာလသားတွေ မုန့်လက်ဆောင်းစတုဒီသာဥပုသ်သည်တွေအတွက်လှူမှာဆိုတော့ ကူညီညာလုပ်ပေးဖို့လွန်းတံလေးကိုလာခေါ်ရင်း ရေလဲပက်ချင်လို့"
"ဟဲ့ဟဲ့..ငါ့ကိုမပက်နဲ့နော်၊ငါဥပုသ်ကျောင်းသွားမှာ"
"မပက်ပါဘူးအန်တီရဲ့စိတ်ချပါ၊ဒါနဲ့လွန်းတံရော"
အော်..ဒင်းကိုအဲ့ဒါကြောင့်မျက်စိကစားတယ်ထင်နေတာ လက်စသတ်တော့ လွန်းတံကိုရေလာပတ်ကြတာပေါ့။တော်တော်ရွတဲ့အပျိုကြီးတွေ။ပိုးဥတို့အုပ်စုကို မျက်မှောင်ကျုံ့ကာကြည့်တဲ့ရိုးရာကိုတော့ သူတို့သတိထားမိဟန်မတူပါ။လွန်းတံကိုသာ သဲကြီးမဲကြီးမေးနေသည်။
"အိပ်ယာမနိူးသေးဘူး၊ဘာလုပ်မလို့လဲ"
စားပွဲမှာထမင်းစားနေတဲ့ ရိုးရာရဲ့ခပ်ပြတ်ပြတ်အသံကြောင့် ပခုံးတွန့်သွားပေမယ့် ရေပက်ချင်တဲ့ရည်ရွယ်ချက်ကတော့ပျောက်လို့မသွား။အိမ်အထိတောင်ရောက်နေပြီ ရေမပက်ဘဲပြန်သွားရရင်ရေကုန်တာပဲအဖက်တင်မှာပေါ့။ပိုးဥတို့ကို ဒီလိုလုပ်လို့ဘယ်ရမလဲ။
VOCÊ ESTÁ LENDO
အစိမ်းနုရောင်အိပ်မက်
Fantasiaအချစ်ဟာ အဓိပ္ပါယ်များစွာနဲ့ ပြည့်နှက်နေပါတယ်။ရယူခြင်းလား ပေးဆပ်ခြင်းလား ခွင့်လွှတ်နားလည်ခြင်းပေလား။အချစ်ရဲ့အဓိပ္ပါယ်ကို ကျွန်တော်တို့ တစ်ဦးချင်းဆီ ကွဲလွဲစွာအဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။