ကိုအောင်ကြီးတို့အိမ်မှာ ဖရဲခူးဖို့ကိစ္စတွေပြောကြဆိုကြနဲ့ထမင်းစားချိန်တောင်ရောက်ခါနီးပြီဖြစ်လို့ တိကျတဲ့ရက်ချိန်းကိုပြောခဲ့ရင်းမှ အိမ္ကိုသာ ဦးတည်ပြီး လမ်းလျှောက်လာခဲ့သည်။
ရွာဘက်ကခြံတွေဖြစ်တာကြောင့် တစ်ခြံနဲ့တစ်ခြံဟာ အရမ်းမလှမ်းပေမယ့် အနည်းငယ်တော့ကွာလှသည်။အရိပ်ရပင်တွေက ရွာလမ်းတစ်လျှောက်မှာ နေပြောက်ထိုးစရာပင်ရှိအောင် နေရာယူထားကြသည်။ရွာထဲကိုပြန်နေကျ ရွာနောက်ဖေးလမ်းအတိုင်း ကျွန်တော်ပြန်လာခဲ့တော့ တစ်နေရာအရောက်မှာ မြင်ရတဲ့မြင်ကွင်းကြောင့် အသာရပ်ကြည့်နေမိသည်။
"ဟေ့ကောင်..သေချာချိန်ပစ်ကွ။မင်းဟာကလဲ ပစ်လိုက်ရင်တလွဲကြီးပဲ"
"မင်းပါးစပ်ခနပိတ်ထားစမ်း ငချွတ်။မင်းလုပ်တာနဲ့ ဟိုအပျိုကြီးကြားတော့မယ်။လူလစ်တဲ့အချိန် သရက္သီးလာခိုးပါတယ္ဆိုမွ မင်းအသံကြောင့် လူမိတော့မယ်"
"ဒုန်း..."
"ဟာ.ဟေ့ကောင်..ငပု အိမ်တွေပေါ်ကျကုန်ပြီကွ။မင်းဟာလေ လုပ်လိုက်ရင် အရမ်းပဲ။ငါတို့ဒီနေ့ခင်း သရက်သီးတောင်စားရပါတော့မလားမသိဘူး"
"မင်း..တော်နော်စကားများတဲ့ကောင်ပဲ ငချွတ်။ရော့ ဒါဆိုမင်းပစ်။လေးခွပစ်တာလွယ်တယ် ထင်နေတာလားကွ။ရမ်းပစ်လို့ရတာမဟုတ်ဘူးကွ။အရှိန်ယူရတယ် သေချာချိန်ရတယ်ကွ။မင်းလုပ်တာနဲ့တစ်လုံးတောင်မထိတော့ဘူး။အနားလာပြီး ဖွတ်လာတိုက်နေတယ်"
လောက်လေးလွယ်အိတ်တစ်
လုံးကိုလွယ်ထားတဲ့ကောင်လေးကပခုံးပေါ်မှာ အနည်းငယ်ရှည်နေတဲ့ စြပ္က်ယ္လက္ကို ဘုထုံးထားကာ ဘောင်းဘီတို ခပ်ညစ်ညစ်တစ်ထည်ဝတ်ထားသည်။ဘေးကတစ်ယောက်ကတော့ အာပလာကောင်လေး။လေကြီးမိုးကြီးသာ လုပ်တတ်ပေမယ့် တကယ့်တကယ်ဘာဆိုဘာမှမသိပဲ ဆရာကြီးလုပ်တတ်တဲ့ အကျင့်ဆိုးလေးနဲ့။ရွာထဲမှာ သူတို့နှစ်ယောက်နဲ့နောက်ထပ်အေးပုံဆိုတဲ့ မိန်းကလေးတစ်ယောက်က အဖွဲ့ဖြစ်သည်။သုံးယောက်သာပေါင်းမိရင်တော့ မျောက်တောင်မူးလဲမယ့် မျောက်ရှုံးအောင်ဆော့ကြတဲ့သူတွေဖြစ်သည်။
သူတို့သုံးယောက်နဲ့ အပျိုကြီးက တော်တော်ကံပါကြသူတွေဖြစ်သည်။ဆက်ဆက်ထိမခံစွာပါတယ်ဆိုတဲ့ ဒီအပျိုကြီးရဲ့ အိမ်ကိုပဲအမြဲလာပြီး တစ္ခုမဟုတ္တစ္ခု လာခိုးနေကြဖြစ်သည်။
YOU ARE READING
အစိမ်းနုရောင်အိပ်မက်
Fantasyအချစ်ဟာ အဓိပ္ပါယ်များစွာနဲ့ ပြည့်နှက်နေပါတယ်။ရယူခြင်းလား ပေးဆပ်ခြင်းလား ခွင့်လွှတ်နားလည်ခြင်းပေလား။အချစ်ရဲ့အဓိပ္ပါယ်ကို ကျွန်တော်တို့ တစ်ဦးချင်းဆီ ကွဲလွဲစွာအဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။