Part🌪19(Unicode)

2K 128 0
                                    

ညရဲ့အမှောင်ထုကို လရောင်ဖျဖျကအလှပါရမီဖြည့်နေသည်။မန်ကျည်းပင်အကိုင်းကြားမှ ဖြာကျလာတဲ့လရောင်လေးကြောင့်အကို့မျက်နှာလေးကိုရှင်းရှင်းလင်းလင်းမြင်ရသည်။အရင်ပြည့်ဖြိုးပြီးသန်စွမ်းတဲ့ခန္ဓာကိုယ်ရှိတဲ့အကိုဟာ ခုတော့အနည်းငယ်ချောင်ကျသွားသလိုပင်။ကျွန်တော်အိပ်ပျော်နေတဲ့သုံးရက်အတွင်းမှာ အကိုတော်တော်လေး ပင်ပန်းခဲ့မှာပဲတွေးမိပြန်တော့ အားနာစိတ်ကဝင်လာပြန်သည်။

အကိုကကျွန်တော့်အိမ်ကိုပြန်ရှာလို့တွေ့ပြီပြောတယ်။သူကိုယ်တိုင်မနက်ကိုလိုက်ပို့ပေးမယ်တဲ့။ကျွန်တော့်ရင်ထဲမှာတော့ ပျော်တစ်ဝက်မပျော်တစ်ဝက်ဖြစ်နေသည်။မိသားစုနဲ့နေရပ်လိပ်စာကိုသာ မေ့နေတဲ့ကျွန်တော့်ရောဂါကို ကျွန်တော့်မိသားစုကကုပေးနိုင်တယ်တဲ့။အကိုက ကုမပေးနိုင်ဘူးလားလို့မေးမိတော့ သူစိမ်းတစ်ယောက်အတွက်ဘာလို့ပိုက်ဆံအများကြီးအကုန်ခံရမှာလဲတဲ့လေ။ဝမ်းနည်းမိပေမယ့် ကျွန်တော်ကသူစိမ်းတစ်ယောက်ပဲဆိုတာ မှန်နေခဲ့တာပါပဲလေ။

အိမ်ပြန်ရတော့မယ်ဆိုတဲ့အတွေးဝင်လာရင် မျက်ရည်တွေဖွဲ့သီလာပြန်သည်။ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ပြန်ဆုံစည်းရမယ်ဆိုပေမယ့် ကျွန်တော့်ရင်ထဲမှာထင်သလောက်မပျော်ရွှင်ပါ။ကျွန်တော်မေ့နေတဲ့အရာတွေလေ။ကျွန်တော်တစ်ယောက်ချင်းစီကိုတော်စပ်ပုံတွေပြန်မှတ်ရမယ်နာမည်တွေပြန်မှတ်ရမယ် အလုပ်ရှုပ်မှာတော့အသေချာအချာပါပဲ။

"အကို..ဘာစကားမှပြောစရာမရှိဘူးလား"

အိမ်ခြံဝင်းအပြင်ဘက်ကို အကိုကငေးမောနေပြီးဘာစကားမှမပြော။မှုန်ကုပ်နေတဲ့အကို့ရဲ့မျက်နှာလေးဟာ နွမ်းနယ်လို့နေပါသည်။ဘေးတစောင်းပေမယ့်အကို့မျက်ဝန်းငယ်တွေထဲမှာ လက်နေတဲ့အရောင်လေးတွေကိုကျွန်တော်မြင်နေရပါတယ်။မျက်ရည်တွေပဲလားအကို။အကိုသာ ကျွန်တော့်ကို မပြန်ပါနဲ့ဆိုပြီးတစ်ခွန်းပြောလိုက်တာနဲ့ ကျွန်တော်လုံးဝပြန်ဖို့စိတ်ကူးရှိတော့မယ်မထင်ပါ။အကိုက ကျွန်တော့်ရဲ့ဆွဲငင်အားလေးတစ်ခုပဲလေ။

"အင်း..."

သက်ပြင်းရှည်ကြီးတစ်ခုနဲ့အတူ အကိုကဖြေသည်။

အစိမ်းနုရောင်အိပ်မက်Donde viven las historias. Descúbrelo ahora