အိမ်နောက်ဖေးခပ်လှမ်းလှမ်းကို ခနကြာလျှောက်လိုက်တာနဲ့ မျက်စိတစ်ဆုံးစိုက်ခင်းတို့က စိတ်ချမ်းသာစရာအတိကောင်းလှသည်။နွေဖြစ်တာကြောင့် စားပင်အချို့ကို မစိုက်ပျိုးနိုင်သေးဘဲ ရိတ်သိမ်းခါနီးဖြစ်တဲ့ ဖရဲတွေအပြင် ချောင်းရေကို ရေစုပ်စက်နဲ့မောင်းတင်ကာ စိုက်ပျိုးထားတဲ့ ခရမ်းချဉ်ပင်တို့က စိမ်းစိမ်းစိုစိုဖြစ်နေသည်။
ခရမ်းချဉ်ပင်တို့က နွေရာသီမှာရေသွင်းပြီးစိုက်ပျိုးတာကြောင့် မိုးတွင်းအခါတွေလောက်တော့ အသီးမချော။ဧကအတော်ကျယ်ဝန်းတဲ့ ကျွန်တော်တို့ဘိုးဘွားပိုင်ခြံကြီးက သရက်ပင်တွေပတ်ပတ်လည်ဝန်းရံထားသလိုမန်ကျည်းပင်၊ကုကိုလ်ပင်တွေအပြင်သြဇာပင်၊ဆီးပင်နဲ့ဝါးရုံတောတို့ကြောင့် အရိပ်လည်းကောင်းလှသည်။
အသက်ရှည်ချင် အပင်စိုက်တဲ့။ဒီဆိုရိုးဟာတစ်ခြားသူတွေအတွက်ဆိုရင်တော့မသိ ကျွန်တော့်အတွက်တော့လုံးဝကိုသေချာလှသည်။အပင်လေးတွေပျိုးထောင်မယ်၊ဘောင်ပေးမယ်။ရေကိုအချိန်မှန်လောင်းမယ်၊ဆေးဖြန်းပြီး အရည်သွေးကောင်းတဲ့ အသီးတွေဆို မြို့ကိုပို့မယ်ဆိုတဲ့မရိုးနိုင်တဲ့အလုပ်တွေကြားမှာ ကျွန်တော်ပျော်မွေ့နေတတ်ပြီ။
"ဟာ.ဖေဖေအစောကြီးရောက်နေတာလား"
ဆောင်းလာတဲ့ဝါးခမောက်ကို ကွပ်ပျစ်ပော်အသာချလိုက်သည်။ဖရဲခင်းရဲ့အနားကံ့ကော်ပင်ကြီးရဲ့အောက်မှာအပန်းဖြေနားဖို့ လုပ္ထားတဲ့ သစ်သားကွပ်ပျစ်လေးပေါ်မှာဖေဖေထိုင်နေတာကိုမြင်လိုက်တာကြောင့်ကျွန်တော်မြင်လိုက်ခြင်းဖြစ်သည်။
"ဟုတ်တယ်သား။ဖရဲတွေကောင်းမကောင်းလာကြည့်တာ။ဒါနဲ့သားက ညဘက်တွေရော ခြံထဲမှာစောင့်ကြည့်ဖြစ်လား"
ကျွန်တော်ချွတ်ထားတဲ့ဝါးခမောက်ကို ဖေဖေကယူရင်း ယပ်ခတ်နေတာကြောင့် အသင့်ယူလာတဲ့ရေနွေးအိုးထဲက ရေနွေးကို လက်ဖက်ရည်ပန်းကန်ထဲထည့်ရင်း ကမ်းပေးလိုက်သည်။
"အရမ်းနောက်ကျတဲ့အထိတော့ စောင့်မကြည့်ဖြစ်ဘူးဖေဖေ။မအိပ်ခင်အထိတော့ ဓာတ်မီးနဲ့မကြာကြာတဝင့်ဝင့်လုပ်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဖေဖေ၊အသီးတွေထပ်ပျောက်လို့လား"
YOU ARE READING
အစိမ်းနုရောင်အိပ်မက်
Fantasyအချစ်ဟာ အဓိပ္ပါယ်များစွာနဲ့ ပြည့်နှက်နေပါတယ်။ရယူခြင်းလား ပေးဆပ်ခြင်းလား ခွင့်လွှတ်နားလည်ခြင်းပေလား။အချစ်ရဲ့အဓိပ္ပါယ်ကို ကျွန်တော်တို့ တစ်ဦးချင်းဆီ ကွဲလွဲစွာအဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။