ခြံအကျယ်ကြီးထဲမှာ ဆောက်ထားတဲ့အိမ်တစ်လုံးရဲ့အိမ်ရှေ့ကိုရောက်တော့ အစ်မလှယဉ်ဆန်ပြာနေတာကိုတွေ့လိုက်ရသည်။ချည်အကျီဝမ်းဆက်ကလေးဝတ်တတ်တဲ့အစ်မက ရိုးရိုးယဉ်ယဉ်လေးနဲ့လှလွန်းသည်။အရိပ်ရအပင်တွေနဲ့မှိုင်းညို့ညို့ရှိလှတဲ့ အကိုတို့ခြံထဲက အိမ္ကေလးဟာ ရွာထဲကအိမ်တွေနဲ့တစ်သီးခြားစီရှိနေပေမယ့်ပသာဒဖြစ်လွန်းသည်။
"ဟာ..မောင်လေးတို့ပါလား လာကြလာကြ။ဖွားရေ..ဒီမှာလွန်းတံလေးလိုက်လာပြီ"
အစ်မရဲ့ခေါ်သံနဲ့အတူအဖွားကအိမ်ထဲကထွက်လာသည်။ဘီးနဲ့ပတ်ခွေကာဆံထုံးထုံးထားတဲ့အဖွားရဲခေါင်းထက်မှာကံကော်ပန်းကလေးတစ်ပွင့်လဲ ပန်ဆင်ထားသည်။
"လှယဉ်ပြောပြတာနဲ့ သားလေးကိုအဖွားကတွေ့ချင်နေတာ။လှယဉ်ပြောပြတာထက်တောင် ပိုချောသေးသတော့။အင်းပေါ့လေ..ဒါကြောင့်လဲတစ်ချို့တွေက ခြံထဲကအိမ်ကိုမလာနိုင်ဖြစ်နေတာကိုး"
ကျွန်တော့်ပါးကို အဖွားကကိုင်ရင်းချီးကျူးစကားဆိုရင်း အကို့ကိုစနေသည်။အစ်မလှယဉ်ကတော့ခပ်ပြုံးပြုံးနဲ့ကျွန်တော်တို့ဘက်ကိုကြည့်ရင်း စေကာထဲကဆန္ကို တောင်းထဲထည့်နေသည်။
"လာလာ..အိမ်ထဲဝင်ရအောင်။အဖွားကလက်ဖက်သုပ်ကျွေးမယ်"
ကျွန်တော့်ရှေ့ကနေ အဖွားကလွန်းတံရဲ့လက်ကိုဆွဲရင်းအိမ်ထဲဝင်သွားသည်။မသိရင် ကျွန်တော်ကလူပိုကြီးလိုလိုဘာလိုလိုနဲ့။လူတွေများတယ်အပြောင်းအလဲမြန်ကြတာပဲ။
"ဒီလက်ဖက်ကိုအဖွားကကိုယ်တိုင်ထောင်းပြီးနှမ်းဆီစစ်စစ်နဲ့စိမ်ထားတာ။ဟောဒီမှာ ငါးကျီးခြောက်လေးပါပါလိုက်သေးတယ်။ဟ.ဖွားခွန့်မယ်"
ရိုးရာနဲ့အစ်မကတော့တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်ရုံမှလွဲပြီးဘာမှမလုပ်တတ်ခဲ့။ဒါကျွန်တော်တို့အဖွားမှဟုတ်ပါရဲ့လား။လူစားများလဲလိုက်သလားမသိ။
ဘယ်လိုပဲဖြစ်ဖြစ် ဆွေမရှိမျိုးမရှိဒီနေရာလေးမှာ ဒီကောင်လေးနေနိုင်တာကိုပဲ ကျွန်တော်စိတ်ချမ်းသာမိပါတယ်။"ကျွန်တော်တို့လဲဆင်ဖြူတော်မှီပြီးခုမှကြံစုတ်ရတော့မယ်ထင်တယ်နော်အစ်မ"
YOU ARE READING
အစိမ်းနုရောင်အိပ်မက်
Fantasyအချစ်ဟာ အဓိပ္ပါယ်များစွာနဲ့ ပြည့်နှက်နေပါတယ်။ရယူခြင်းလား ပေးဆပ်ခြင်းလား ခွင့်လွှတ်နားလည်ခြင်းပေလား။အချစ်ရဲ့အဓိပ္ပါယ်ကို ကျွန်တော်တို့ တစ်ဦးချင်းဆီ ကွဲလွဲစွာအဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။