မိုးရိပ်ဆင်နေတဲ့ တန်ခူးလရဲ့ ညိုမှောင်မှောင်ကောင်းကင်ကြီးက မနက်ခင်းကိုလှပအောင် ပုံဖော်နေပြန်သည်။
ဒီသပြေတန်းရွာလေးကိုရောက်တာ တစ်ပတ်လောက်သာရှိသေးပေမယ့် အပေါင်းအသင်းတစ်ချို့နဲ့တော့ရင်းနှီးပြီးဖြစ်ကာ နေသားတကျလဲဖြစ်လာသည်။ပွနေတဲ့စောင်ကိုလက်နဲ့ခပ်ဖွဖွခေါက်ရင်း ခေါင်းအုံးထက်ကိုတင်လိုက်သည်။ခြင်ထောင်ကတော့ ထွေထွေထူးထူးခေါက်စရာမလိုတာကြောင့် ကြိုးနှစ်ချောင်းကိုဖြုတ်ကာ အပေါ်ကိုလိပ်တင်လိုက်သည်။လှေကားကနေ အိမ်အောက်ကိုဆင်းလာခဲ့တော့ နာရီကမနက်၇နာရီကို ညွှန်ပြနေသည်။
အိမ်ရှေ့စဥ့်အိုးမှာ မျက်နှာသစ်ရင်း အသင့်ပါလာတဲ့သဘက်နဲ့မျက်နှာကို ခပ်ဖွဖွသုတ်လိုက်သည်။သနပ်ခါးကြိုက်တတ်တဲ့သူမလို့ သနပ်ခါးကျောက်ပျဉ်ဆီကိုဦးတည်ပြီးသွားလိုက်သည်။ကျောက်ပျဉ်ပေါ်မှာအုပ်ထားတဲ့ဝါးအုပ်ဆောင်းကေိုဖွင့်လိုက်တော့ အသင့်သွေးပြီးသား သနပ်ခါးတို့က နေရာယူထားသည်။
"အန္တီကလဲဗ်ာ..သနပ်ခါးတွေသွေးထားပြန်ပြီ။ကျွန်တော့်ဘာသာသွေးပြီးတော့လိမ်းပါမယ် အန္တီရာ နောက်ကိုသွေးမထားပါနဲ့"
"ပင်ပန်းတဲ့အလုပ်မှမဟုတ်တာပဲလွန်းတံရယ်။လိမ်းမှာသာလိမ်းပါ။သနပ်ခါးပိုပြီးသွေးရလို့ အန်တီလဲပိုပြီးအို မသြားပါဘူး။"
"ကျွန်တော်က အားနာလို့ပါအန်တီရယ်။ကျွန်တော်လုပ်လဲရနေတာပဲကို"
သနပ်ခါးကိုမျက်နှာအနှံ့လိမ်းရင်း သွားပွတ်တံနှင့်ခပ်ဖွဖွခြစ်လိုက်သည်။မျက်ခုံးမွေးထက်မှာတင်နေတဲ့ သနပ်ခါးကိုပါဖက်ရင်း ပိုနေတဲ့သနပ်ခါးကို ပါးစပ်ထဲထည့်ကာ စားလိုက်သည်။သနပ်ခါးလိမ်းရင်ပိုတာတွေကိုစားတာကလဲ အကျင့်တစ်ခုလိုဖြစ်နေသည်။
အိမ်ပေါ်ထပ်နဲ့အောက်ထက်ကို ကျွန်းလှေကားကြီးတစ်ခုနဲ့ချိတ်ဆက်လို့ထားသည်။အခန်းတွေနဲ့ဖွဲ ့ထားတာမဟုတ်ပေမယ့်အိမ်ပေါ်ထပ်မှာတော့ ကျွန်တော်နေတဲ့အခန်းအပြင် ဘုရားခန်းတစ်ခုပါရှိသည်။ကျွန်းလှေကားကြီးရဲ့အောက်တည့်တည့်မှာတော့ အိမ်အပြင်ထွက်ဖို့ တံခါးပေါက်ရှိပြီး ထိုတံခါးကတစ်ဆင့်သွားလိုက်ရင် ထမင်းချက်တဲ့မီးဖိုချောင်ကိုရောက်သွားသည်။
ВЫ ЧИТАЕТЕ
အစိမ်းနုရောင်အိပ်မက်
Фэнтезиအချစ်ဟာ အဓိပ္ပါယ်များစွာနဲ့ ပြည့်နှက်နေပါတယ်။ရယူခြင်းလား ပေးဆပ်ခြင်းလား ခွင့်လွှတ်နားလည်ခြင်းပေလား။အချစ်ရဲ့အဓိပ္ပါယ်ကို ကျွန်တော်တို့ တစ်ဦးချင်းဆီ ကွဲလွဲစွာအဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။