Final Part🖌(Unicode)

4.6K 215 45
                                    

"ဝူး...ဝူး..အူး..အူး..ဟား..ဟား..ဟား..ဟား"

ဆွဲဆွဲငင်ငင်အူလိုက်တဲ့ခွေးအူသံနဲ့ရယ်သံအကျယ်ကြီးကြောင့် ကျွန်တော်လန့်နိုးသွားသည်။အိမ်အောက်မှ တစ်စတစ်စထွက်ပေါ်လာတဲ့စကားပြောသံတွေကြောင့် ကျွန်တော်နားစွင့်ထားလိုက်သည်။ဒီအသံဟာ ဘာသံလဲ၊ဘယ္သူလဲဆိုတာ ကျွန်တော်သိတာကြောင့် ကြက်သီးတွေထကာ ခြေဖျားလက်ဖျားတွေပင်အေးစက်လာသည်။

စားပွဲတင်ထက်မှာတင်ထားတဲ့နာရီကိုလှမ်းကြည့်လိုက်မိတော့ ညတစ်နာရီထိုးနေပြီဖြစ်သည်။အဆက်မပြတ်အူနေတဲ့ခွေးအူသံနဲ့အတူတစ်ရွာလုံးက ခွေးတွေရဲ့အူသံတွေကိုပါကြားလိုက်ရသည်။ခုညရောက်မှထူးထူးဆန်းဆန်းဘာဖြစ်တာလဲ။ဘာလို့ခွေးတွေက ဒီလောက်အူနေရတာလဲ။ဖွင့်ထားတဲ့ပြတင်းပေါက်ကနေလရောင်တစ်ချို့ဖြာကျလို့လာနေသည်။လေအတိုက်မှာလွင့်နေတဲ့ခန်းစီးစလေးဟာလဲ စိတ္တဇဆန်လွန်းနေသည်။

လေတိုးသံနဲ့အတူပါလာတဲ့စိမ်းရွှေရွှေရနံ့ကြီးကြောင့် ကျွန်တော်ပြတင်းပေါက်ကိုခပ်မြန်မြန်ဆွဲပိတ်လိုက်သည်။ဘေးပတ်ဝန်းကျင်ကိုအမှတ်တမဲ့ကြည့်မိတော့ ခွေးတွေးကနဲနဲနောနောမှမဟုတ်တာ။အိပ်တန်းတက်ငှက်တွေရဲ့ထပျံတဲ့အသံတွေနဲ့ကျီးပြိုသံတွေကြောင့် တစ်ရွာလုံးရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်သည်။

"ကတော်..ကတော်.."

လမ်းမပေါ်မှာခွေးကြီးတစ်ကောင်က ဘယ်အိမ်ကကြက်ကိုဆွဲချီလာတယ်မသိပါ။ကြက်အော်သံနဲ့အတူခွေးမာန်ဖီသံတွေ ခွေးအူသံတွေဟာ ငရဲခန်းအလားကြောက်မတ်ဖွယ်ကောင်းလှသည်။ကျွန်တော်အိမ်အောက်ကို ခပ်မြန်မြန်ဆင်းလိုက်သည်။တစ်အိမ်လုံးမှာ ဖယောင်းတိုင်မီးတစ်တိုင်ကိုသာထွန်းထားပြီး အန်တီနဲ့ဦးလေးတို့မျက်နှာတွေမှာသွေးမရှိတော့။လုံးဝကိုဖြူစုတ်နေပြီ။

ကျွန်တော်အကို့ကိုလိုက်ရှာနေမိသည်။အကို..အကိုဘယ်မှာလဲ အကိုဘယ်တွေသွားနေတာလဲ။တစ်အိမ်လုံးဗြောင်းဆန်အောင်ရှာပြီးတော့နောက်ဆုံးအခန်းတစ်ခန်းဖြး်တဲ့အကို့အခန်းတံခါးကို ဆွဲဖွင့်လိုက်မိသည်။ညှီစို့စို့အနံနဲ့အကို့အခန်းဟာ တစ်ခန်းလုံးလဲမွစကြဲနေသည်။အကိုနဲ့တူတဲ့အရိပ်ကိုတောင် ကျွန်တော်မတွေ့တော့တာကြောင့် အခန်းတံခါးကိုပိတ်ရင်း အိမ်ခန်းထဲကိုပြန်လာလိုက်သည်။

အစိမ်းနုရောင်အိပ်မက်Tempat cerita menjadi hidup. Temukan sekarang