Part⛲17(Unicode)

1.7K 152 0
                                    

နေဝန်းကြီးက အနောက်ဘက်တောင်စွယ်မှာမေးတင်နေသည်။မကြာင်မှာလူ့လောကကြီးကိုနှုတ်ဆက်ဖို့အတွက်ဟန်ပြင်နေသလိုလိုဖြစ်နေပါသည်။တစ်ချစ်တစ်ချက်တို်ခတ်ကလာတဲ့လေက နောက်ကျောကိုအေးသွားစေသလို စိတ်ထဲမှာလဲမသိုးမသန့်ခံစားချက်တစ်ခုကို ခံစားနေရသလိုပင်။

လက်ပင်ပံကြီးနှစ်ပင်က သက်တန်းကြာအပင်ကြီးတွေထင်ပါသည်။ပင်စည်ကလူနှစ်ဖက်စာလောက်မကကြီးမားပြီး တော်တော်လဲရှည်သည်။သစ်ရွက်ခြောက်တွေက လေအတိုက်မှာဝေ့ကာဝိုက်ကာကျဆင်းလာပြီးမြေပြင်ထက်မှာလျှပ်တိုက်ပြေးလွှားပုံမှာ နွေရဲ့အလှအပပါလို့ စာဆိုရှင်တွေဘယ်လိုပဲဖွဲ့ဆိုခဲ့ဖွဲ့ဆိုခဲ့ ကျွန်တော့်စိတ်ထဲလေးလံလို့နေသည်။

ဘေးဘေးဘီဘီကိုကြည့်ပြန်တော့ နေဝင်ခါနီးပြီးမလို့ လူချေကပြတ်နေသည်။ကျီးအာသံတွေဟာလဲ ခုနေ့ကျမှပိုပြီးဆူညံနေသလိုဖြစ်နေသည်။ရှေ့တည့်တည့်ကိုလျှောက်ကာသွားမိတော့ကျောကုန်းဘက်က အေးသလိုကြီးဖြစ်လာတာကြောင့် လက်ကိုနောက်ယှက်ထားလိုက်သည်။နောက်ကိုပြန်လှည့်ပြီးတစ်ခြားလမ်းကသွားမယ်ကြံမိပေမယ့် လက်ပံပင်နှှစ်ပင်ကြားကိုရောက်နေပြီး ရွာနောက်ဖေးကိုလဲမြင်နေရတာကြောင့် ပြန်မလှည့်ချင်တော့။

ကြက်သီးမွေးညှင်းတွေက ဖျန်းခနဲထလာနာကြောင့် ကျွန်တော်ခြေလှမ်းခပ်သွက်သွက်လျှောက်မိသည်။နောက်ကျောဘက်ကလူတစ်ယောက်ပဲကြည့်နေတဲ့ခံစားချက်မျိုးခံစားရသလို၊သစ်ပင်ပေါ်ကနေတစ်ယောက်ယောက်ငုံ့ကြည့်နေတဲ့ခံစားချက်ကိုလည်းခံစားရပြန်သည်။စပါးပြောသံတွေလိုလိုလေတိုက်သံလိုလို တရှပ်ရှပ်အသံတွေဟာလဲဝေးလာလိုက်နီးလာလိုက်ဖြစ်နေသည်။
စိတ်ထဲမှာလဲလေးလံမှိုင်းထိုင်းကာ မျက်ရည်တွေလဲဝဲနေပြီး အကို့ကိုသာတနေမိပါသည်။

"ဝူး"

လေတစ်ချက်အဝေ့မှာ လွင့်လာတဲ့ဖြူဖြူအရာကြောင့် ကျွန်တောင်ယောင်ရမ်းမျက်စိမှိတ်ထားလိုက်သည်။မျက်လုံးထဲမှာဝိုးတဝါးမြင်နေမိတာကတော့ ကားမြန်မြန်မောင်းလာတဲ့သူတစ်ယောက်က ကိစ္စတစ်ခုကိုအရေးကြီးကိစ္စသွားနေပုံပေါ်သည်။လက်တစ်ဖက်က စတီရာယင်ကိုကိုင်ပြီး တစ်ခြားတစ်ဖက်ကလဲ ခေါင်းကိုနှိပ်ထားပြန်သည်။ပုံစံကြည့်ရတာ ခေါင်းမူးနေတဲ့ပုံပါပဲ။ဝိုးတဝါးပုံရိပ်တွေကပြတ်သားမှုမရှိပါ။ကျွန်တော်သိသလိုမသိသလိုခံစားချက်နှင့် ရင်ထဲမှာလဲဒွိဟကြီးဖြစ်နေသည်။

အစိမ်းနုရောင်အိပ်မက်Où les histoires vivent. Découvrez maintenant