Part📖18(Unicode)

1.7K 144 0
                                    

"ဝူး......ဝူး......ဝူး"

ဆွဲဆွဲငင်ငင်အူနေတဲ့ခွေးအူသံအကျယ်ကြီးကို ကျွန်တော့်နားတစ်ဝိုက်မှပင်ကြားနေရသည်။သာမန်ထက်ပင်တော်တော်ကျယ်တဲ့ခွေးအူသံက ခွေးရဲ့အရွယ်အစားကိုပါခန့်မှန်းလို့ရနိုင်သည်။ဒီလောက်ကျယ်တဲ့ခွေးအူသံကို ကျွန်တော်တစ်ခါမှတောင်မကြားဖူးပါ။ဘယ်ကိုမှမကြည့်ဘဲရှေ့ကိုဆက်သွားပြန်တော့လဲ ဒီလက်ပံပင်အိုကြီးနားဆီပဲပြန်ရောက်လာပြန်သည်။ခပ်သွက်သွက်လမ်းလျှောက်နေပြန်ပေမယ့် ရွေ့လျားမှုကိုမခံစားရ။ခြေထောက်ကတစ်ခုခုနဲ့ကပ်နေသလိုလိုပင်ဖြစ်သည်။

လွန်းတံဟာဇောချွေးတွေပျံရုံမကရသမျှဘုရားစာတွေကိုရွတ်ပြန်သော်လည်းအထစ်ထစ်အငေါ့ငေါ့သာ ထွက်လာပြန်သည်။အရင်ကတစ်မိနစ်အတွင်းရွတ်နိုင်တဲ့မေတ္တာသုတ်ကိုပင် မရေတာ့။အသံထြက္ကာ ရွတ်ပြန်သော်လည်း နှုတ်မှဘာသံမှပင်ထွက်မလာ။ဘယ်လိုနေရာကြီးကိုကျွန်တော်ရောက်နေတာလဲ။ကျွန်တော့်တစ်ကိုယ်လုံးသွေးတွေဆူပွက်နေပြီလားတော့ကျွန်တော်မသိ။

လူကအသိစိတ္လြတ္ကာ လဲချင်နေသလိုပင်ဖြစ်နေသည်။ဒီလိုသုသန်မြေပေါ်မှာမလဲကောင်းဘူးဆိုတဲ့ကြားဖူးခဲ့တဲ့စကားတွေကြောင့် နေမာတသကိုသာ အထပ်ထပ်အခါခါရွတ်နေမိသည်။ကျွန်တော့်ကိုကယ်ပါအုံးအကို။ကျွန်တော်အရမ်းကြောက်နေပြီ။ခွေးအူသံတွေကပိုပြီးကျယ်လာသလို လေးလေးပင်ပင်ရယ်နေတဲ့ရယ်သံကြီးကိုလဲကြားရပြန်သည်။ကျွန်တော့်ပတ်ဝန်းကျင်တစ်ခုလုံးဟာ သွားစရာဆိုတာဘယ်နေရာမှမရှိ။ကွင်းပြင်ကျယ်ကြီးတွေလိုလိုနေရာတွေကိုသာ မျက်စိတး်ဆုံးမြင်နေရသည်။

"နင်.ခုထက်ထိနင်ဒီကိုဘာကြောင့်ရောက်လာခဲ့တယ်ဆိုတာမမှတ်မိသေးဘူးလား..ကောင်လေး"

ခပ်လေးလေးစကားသံကြီးဟာ လက်ပံပင်ကြီးဘေးမှထွက်ပေါ်လာခြင်းဖြစ်သည်။ခုနကတုန်းကဘာဆိုဘာမှမရှိပေမယ့်ခုတော့ လက်ပံပင်ကြီးရဲ့အောက်မှာအတော်မြင့်လှတဲ့အကိုင်းကိုပုခက်တွဲပြီးနွယ်ကြိုးပုခက်စီးနေတဲ့အမျိုးသမီးကြီးတစ်ယောက်ရှိနေသည်။အဝါရောင်ခါးရှည်အကျႌကိုအနက်ရောင်လုံချည်ကြီးဖြင့်တွဲဝတ်ထားပြီးခြေတံလက်တံတွေဟာလဲ တော်တော်ရှည်ထွက်နေသည်။ဖားလျားချထားတဲ့ဆံပင်တွေဟာ လေမှာတလွင့်လွင့်။စိမ်းသက်သက်အနံ့ကြီးကတော့ ရနေတုန်းပဲဖြစ်သည်။

အစိမ်းနုရောင်အိပ်မက်Where stories live. Discover now