Part🐛14(Unicode)

1.7K 155 2
                                    

ဂစ်တာကြိုးကိုညှိရင်းရောက်တတ်ရာရာ သီချင်းတို့ကိုနှုတ်ဖျားမှညည်းနေမိသည်။နွေရဲ့ညတွေက အပူဒဏ်တွေကြောင့် ညနက်တဲ့အခါလောက်မှ အိပ်တတ်တဲ့သူဖြစ်လို့ အိမ်ရှေးမန်ကျည်းပင်အောက်ကကွပ်ပျစ်မှာထိုင်ရင်း ချစ်ရသူရဲ့အကြောင်းကိုတွေးကာပုံဖော်နေမိသည်။

"အား..လားလား။ဗိုက္နာလိုက္တာ"

မုန့်လုံးရေပေါ်စားပြီး သရက်သီးသုတ်ခိုးစားမိတဲ့လွန်းတံတစ်ယောက်ကိုတော့ ဗိုက်ကဆန္ဒပြလေပြီ။ရစ်ရစ်လာတဲ့ဗိုက်ကဘယ်လိုမှချုပ်ထားလို့လဲမရ။အိပ်ရာပေယ်က မြန်မြန်ထရင်း ဓာတ်မီးကိုယူလိုက်တော့အိမ်ဘေးက ထွက်လာတဲ့အသံကြောင့်ခနမျှငြိမ်သက်မိသွားသည်။

"ဒင်..."

ဟင်.ဘာသံလဲဟ။စိတ်ထဲမှသာ ရေရွတ်ရင်း လက်တစ်ဖက်နဲ့ဗိုက်ကိုအုပ်ကာ အသံကိုနားစွင့်လိုက်သည်။စားပွဲခုံပေါ်က နာရီလေးကတော့ ဆယ့်တစ်နာရီကို ညွှန်ပြနေသည်။လေအတိုက်မှာ ပါလာတဲ့သီချင်းသံခပ်တိုးတိုးကြောင့် ကျွန်တော့်မှာ ကြက်သီးတွေဖြန်းခနဲထတော့သည်။

"ဘုရား..ဘုရား။ငါဖတ်ဖူးတဲ့သရဲစာအုပ်ထဲက ဘင်ချိုဘစောများလားလားမသိဘူး။ဒါကဘင်ချိုသံတော့မဟုတ်ဘူး။ဂစ်တာသံလိုလိုဘာလိုလိုဆိုတော့။ဂစ်တာသရဲများဖြစ်နေလား။ငါ့နော် ဗိုက္ကလဲ ဒီနေ့ရောက်မှ နာရတယ်လို့"

မသွားလို့မဖြစ်တဲ့ကိစ္စဖြစ်တာကြောင့် လက်နှိပ်ဓာတ်မီးကို အသာယူရင်း လှေကားမှ ခပ်ဖွဖွဆင်းလာခဲ့သည်။လူခြေတိတ်နေတဲ့အချိန်ပေဖို့ ခပ်ဖွဖွခြေသံကိုပင် ကျယ်သလိုခံစားရမိသည်။

"ဝူး.......အူး...."

ခပ်ဝေးဝေးမှ ဆွဲဆွဲငင်ငင်အူလိုက်တဲ့ခွေးအူသံကြောင့် ချွေးသီးချွေးပေါက်များပင်ကျလာရသည်အထိ ကျွန်တော်လန့်သွားရသည်။ခွေးအူတယ်ဆိုတာ ကောင်းတဲ့နမိတ်မဟုတ်တာကြောင့် အန်တီတို့ကိုပဲနှိုးပြီးလိုက်ပို့ခိုင်းရမလားဆိုပြီးတွေးမိပေမယ့် ကိုယ့်ကြောင့်အနှောက်အယှက်ဖြစ်မှာဆိုးတဲ့စိတ်ကဝင်လာရတာကြောင့်ရှိစုမဲ့စုသတ္တိလေးနဲ့ ခြေတစ်လှမ်းထပ်တိုးလိုက်သည်။

အစိမ်းနုရောင်အိပ်မက်Donde viven las historias. Descúbrelo ahora