Part🥗16(Unicode)

1.7K 150 0
                                    

ခြံထဲကဖရဲတွေလဲခူးပြီးပြီဖြစ်ကာနွေစပါးစိုက်ဖို့ရက်လဲလိုသေးတာကြောင့် ရိုးရာတို့အလုပ်မရှိပဲအားနေသည်။အရင်နှစ်တွေဆို ဆွေမျိုးတွေကိုသွားလည်ရင်လည်မယ်။ဒါမှမဟုတ်သင်္ကန်းစီးတတ်တဲ့ရိုးရာဟာ ခုနှစ်တော့ဘယ်မှသွားချင်စိတ်မရှိဘဲ။အိမ်ကပင်တဖုဝါးမှမခွာချင်။ပျင်းတာနဲ့ဂစ်တာလေးဆွဲပြီး သီချင်းညည်းနေတတ်တဲ့ကျွန်တော့်ကို မေမေကလဲမကြည်ချင်တော့။မျက်စောင်းတထိုးထိုးဖြစ်နေပါသည်။

လွန်းတံကတော့ သင်္ကြန်ပြီးကတည်းက သာဂိတို့ငချွတ်တို့အုပ်စုနဲ့ပေါင်းမိကာ ကလေးဗိုလ်လုပ်နေသည်။တစ်ခါတစ်လေသာဂိကကျွန်တော်တို်အိမ်လာပြီဆို ဘွားတုတ်ကပါသူငယ်တန်းဖတ်စာအုပ်ကိုကိုင်ကာ သာဂိနှင့်လိုက်လာတတ်သည်။သူသိသမျှပုံတိုပတ်စလေးတွေပြောပြတတ်တဲ့ လွန်းတံကိုကလေးတွေရောလူကြီးပါမကျန်ချစ်ကြတာ အဆန်းမဟုတ်တော့ပါ။

ဟိုအိမ်ကလွန်းတံလေးအတွက်ဟင်းလာပို့လိုက်၊ဒီအိမ်ကထန်းလျှက်ပန်းကန်လေးယူလာလိုက်နဲ့ကျွန်တော်တို့အိမ်မှာလဲလူပြတ်တယ်လို့ကိုမရှိ။မေမေကတော့သဘောထားကြီးသူပီပီလာသမျှဧည့်သည်ကိုဧည့်ခံရင်းဟင်းချက်လည်းမပြတ်အလုပ်ဖယ်ဆက်သလိုလုပ်တတ်သူဖြစ်ပါသည်။

"ကျွန်တော်တို့လဲ ကျွေးနိုင်ပါတယ်"ဆိုပြီးတစ်ခါတစ်လေမှာ ကျွန်တော်ပြောမိရင်တော့ မေမေ့လက်ထိပ်က ကျွန်တော့်ခေါင်းပေါ်ရောက်လာစမြဲဖစ်သည်။ဟုတ်တယ်လေ လွန်းတံတး်ယောက်ကိုတော့ကျွန်တော်ကောင်းကောင်းကြီးရှာကျွေးနိုင်ပါတယ်။

ဖေဖေကတော့ ခုနှစ်ဖရဲတွေဈေးကောင်းကောင်းနဲ့ရောင်းရခြင်းကလွန်းတံရောက်လာလို့ဆိုတာ လာသမျှလူကိုပြောနေတာဖြစ်သည်။မသိရင်လွန်းတံက ဈေးဆိုင်တွေမှာထားတဲ့လာသမျှလူကိုလက်ယက်ကာခေါ်တဲ့လာဘ်ခေါ်ကြောင်လေးလိုလိုဘာလိုလို။

လွန်းတံကတော့လူအားလုံးအတွက်တော့လာဘ်ကောင်လေးမဖြစ်ချင်နေပါစေ ကျွန်တော့်အတွက်တော့ကောင်းခြင်းဆိုးခြင်းဘာတွေပဲယူလာလာကျွန်တော်ကအချစ်မလျော့ဘဲလက်ခံနိုင်တဲ့ လူသားလေးတစ်ယောက်ရယ်ပါ။

အစိမ်းနုရောင်အိပ်မက်Tempat cerita menjadi hidup. Temukan sekarang