ဝမ်ရိပေါ်ဟာ ရှောင်းကျန့်တို့လို အဖွဲ့သေးသေးလေးက ဂူထဲဝင်ရင် အန္တရာယ်များလွန်းသည့်အတွက် မဝင်ရန် တားမြစ်လိုက်သည်။
"မင်းတို့ ဂူထဲကို မလိုက်သင့်ဘူး....ငါတို့ကို ဝန်ထုပ်ဝန်ပိုး မပေးနဲ့.....ဂူထဲမှာ မင်းတို့ထင်သလို တခြားရတနာတွေ ရှိချင်မှ ရှိမှာ"
"ဒီအထိတောင် ရောက်နေပြီ.....ဘာလို့ မဝင်ရမှာလဲ....ပြီးတာ့ ဒီကလူကြီးမင်းတို့ကို ဝန်ထုပ်ဝန်ပိုး မပေးပါဘူး...ကိုယ်ဖြစ်ကိုယ်ခံမှာမို့ စိတ်မပူပါနဲ့"
ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကို မကြောက်ပေမဲ့ သူ့ရဲ့ရာထူးကို ကြောက်တာကြောင့် နည်းနည်းလေး ရိုသေစွာ ပြောလိုက်သည်။
မင်းသား၇ ဝမ်ဖုန်းခိုင်ဟာ ဝမ်ရိပေါ်ကို ပြောရဲတဲ့ ကောင်လေးရဲ့သတ္တိကို ချီးကျူးမိသည်။ထို့ပြင် ထိုကောင်လေးဟာ စိတ်ဝင်စားဖို့ ကောင်းသည့်အတွက် ဝမ်ရိပေါ်ကို လိုက်ခွင့်ပေးရန် တောင်းဆိုပေးလိုက်သည်။
မင်းသား၁၂ ဝမ်ချူးချန်ဟာလည်း ရှောင်းကျန့်ကို အရမ်းသဘောကျနေသည့်အတွက် ကူပြောပေးလေသည်။ဒီလိုနဲ့ ရှောင်းကျန့်တို့ တစ်ဖွဲ့လုံးဟာ ဝမ်ရိပေါ်တို့အဖွဲ့နဲ့ အတူသွားရတော့မည်ဖြစ်သည်။
ဂူထဲက ရတနာတွေကို ကိုယ်ရကိုယ်ယူစနစ်နဲ့ သတ်မှတ်လိုက်သည်။ရှောင်းကျန့်ကတော့ အင်အားကောင်းတဲ့လူတွေနဲ့အတူသွားရမှာမို့ စိတ်သက်သာသွားသည်။
ထို့နောက် အကုန်လုံး ဂူရှိရာဆီသို့ ခရီးဆက်ရပြန်သည်။ဝမ်ချူးချန်ဟာ ရှောင်းကျန့်နဲ့ရင်းနှီးအောင် ရှောင်းကျန့်အနားမှာ ကပ်နေလေသည်။
"ဟေ့.....နာမည်ဘယ်လိုခေါ်လဲ"
"မင်းရဲ့ပြောပုံကြီးက ကောင်မလေးကို အီစီကလီ လုပ်မဲ့အတိုင်းဘဲ"
"ဟားဟား.....မင်းက ထူးခြားတယ်နော်"
"မဟုတ်ပါဘူး...."
"မင်းနာမည်ကဘာလဲ"
"ရှောင်းရှောင်ကျန့်"
"ငါက ဝမ်ချူးချန်....မင်းမှာ ဘယ်လိုထူးခြားမှုတွေရှိလဲဆိုတာ ပြောပြပါလား"
YOU ARE READING
Moonlight and firefly(Completed)