(24)ဝမ်ကျားရန်

7K 890 40
                                    

ရှောင်းကျန့်ဟာ သူ့စကားကြောင့် ဝမ်ရိပေါ် စိတ်တိုသွားသည်ဟု မထင်ဘဲ မှောင်ခိုသမားတွေကြောင့်လို့ ထင်သွားသည်။

ထို့ကြောင့် သူ့ရဲ့လက်အောက်ငယ်သားတွေကို အမြန်အကြောင်းကြားလိုက်သည်။ 'မှောင်ခိုသမားတွေကို သူတို့ ဘာအလုပ်လုပ်လဲဆိုတာကို မေ့သွားတဲ့အထိ ရိုက်ပစ်လိုက်'ဟူ၍ ဖြစ်သည်။

ကူကိုင်းက အဖွဲ့ဝင်တာတွေဟာ သူတို့ခေါင်းဆောင်ရဲ့အမိန့်ကြောင့် မှောင်ခိုသမားတွေကို ဖမ်းလိုက်ကြသည်။မှောင်ခိုခေါင်းဆောင်ဟာ ဒေါသတကြီး အော်ဟစ်တော့သည်။

"ငါတို့ ဘာအမှားလုပ်မိလို့လဲ....ငါတို့က ဆေးမှောင်ခိုသမားတွေပေမဲ့ ဒီမှာ ဘာမှမလုပ်ရသေးဘူးလေ"

"မင်းတို့ဘာသာ ဘာလုပ်လုပ် ငါတို့နဲ့မဆိုင်ဘူး....ငါတို့က ငါတို့ခေါင်းဆောင်စကားကိုဘဲ နားထောင်တယ်...သူတို့ကို ရိုက်ကြစမ်း"

မှောင်ခိုသမားတွေဟာ ကူကိုင်းအဖွဲ့ရဲ့ ပြင်းထန်သော ရိုက်ချက်တွေကြောင့် အသက်ထွက်မတတ် အော်ဟစ်နေကြသည်။

သေပြီလို့ ထင်တဲ့အချိန်ကျမှ အရိုက်ခံရတာ ရပ်သွားလေသည်။မှောင်ခိုခေါင်းဆောင်ဟာ သူ့နာမည်ကိုတောင် မမှတ်မိတော့ပေမဲ့ စိတ်ထဲကနေ ငိုကြွေးပြီး ပြောနေမိသည်။

'ကူကိုင်းရဲ့ခေါင်းဆောင်.....ကျွန်တော် ခင်ဗျားကို ဘာလုပ်မိခဲ့လို့လဲဗျာ'
...............

အချိန်ဟာ တဖြည်းဖြည်းနဲ့ကုန်လွန်ကာ ရှောင်းကျန့်တို့ ကျောင်းတက်တာကလည်း တစ်ပတ်ရှိခဲ့လေပြီ။အတန်းသားတွေကလည်း အချင်းချင်း ခင်မင်ရင်းနှီးနေကြပြီ ဖြစ်သည်။

ဝမ်ရိပေါ်ရဲ့ သင်ကြားပြသမှုကြောင့် လူတိုင်းနီးပါး လက်ရေးလှသွားကြသည်။တစ်ယောက်ထဲသော လက်ရေးမလှသူက အမောင်ရှောင်းကျန့်ပင် ဖြစ်သည်။

ဝမ်ရိပေါ်ရှေ့မှာ ရေးနေတုန်း ခဏမှာသာ လှလေသည်။ပြီးတာနဲ့ စုတ်ပြတ်သတ်အောင် ရေးပြန်သည်။နောက်ဆုံး ဝမ်ရိပေါ်က လက်ရေးမလှဘူးဆိုလျှင် စာမေးပွဲ ဖြေခွင့်မပေးဘူးဆိုမှသာ ဂရုတစိုက် ရေးသွားတော့သည်။

Moonlight and firefly(Completed)Where stories live. Discover now