ရှန်ဟိုင်းမြို့က နာမည်ကြီး ဆေးရုံတစ်ခုရဲ့ ခွဲစိတ်ခန်းထဲတွင် တည်ငြိမ်ကာ အကြောက်အလန့်ကင်းတဲ့ ဆရာဝန်တစ်ယောက်ဟာ သူ့ရဲ့လူနာကို အကောင်းဆုံး ခွဲစိတ်ကုသနေသည်။
နာရီပေါင်းများစွာ ကြာပြီးနောက် ခွဲစိတ်မှုက အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ထိုသူဟာ ခွဲခန်းအပြင်သို့ ထွက်လာပြီး လူနာရှင်တွေအား လူနာအကြောင်း ပြောပြလိုက်ချိန်မှာ ရင်ထဲကလာတဲ့ ကျေးဇူးတင်မှုတွေကို ရရှိလိုက်သည်။
"ကျေးဇူးပါ....ဆရာရှောင်း"
"ရပါတယ်ဗျ"
ရှောင်းကျန့်ဟာ လူနာရှင်တွေရဲ့ ပျော်ရွှင်မှုကို ခံစားမိသည်။သူလည်း ထိုသူတွေကြောင့် ပျော်ရွှင်မိသည်။သို့သော် နှလုံးသားရဲ့ တစ်နေရာမှာတော့ လစ်လပ်နေသည်။
သူ့ရဲ့ ဂျူတီအချိန် မဟုတ်တော့တာကြောင့် အိမ်ပြန်ပြီး နားရန် အဝတ်လဲကာ ထွက်လာခဲ့သည်။နေ့တစ်ဝက်လောက် ခွဲစိတ်ခန်းထဲတွင် ရှိနေခဲ့တာကြောင့် အရမ်းပင်ပန်းနေသည်။
အချိန်ကလည်း ညဆယ့်တစ်နာရီကို ရောက်နေလေပြီ။ဆေးရုံကော်ရစ်တာကနေ လျှောက်လာရင်း ကောင်တာမှာ ရှိနေကြတဲ့ သူနာပြုတွေရဲ့ စကားသံတွေကို ကြားလိုက်ရသည်။
"ဒီနေ့ ငါ့လောင်ကုန်း အရမ်းချောတာဘဲ"
"ဟုတ်တယ်....ဝမ်တိတိက သူ့မွေးနေ့မှာ ကသွားတာ အရမ်းမိုက်တယ်"
"ငါလည်း ဂျူတီရှိနေလို့ပေါ့....မဟုတ်ရင် ဒီနေ့ ရအောင်ကို သွားမှာ....ဝမ်ရိပေါ်ရေ ငါနင့်ဆီ ရောက်အောင်လာပါ့မယ်"
"ငါ့လောက်ချောလို့လား"
ရှောင်းကျန့် ဝင်ပြောလိုက်တာကြောင့် သူနာပြုမလေးတွေ လန့်သွားကြသည်။
"ဆရာရှောင်းရယ်....ရှင့်ရဲ့ ချောမောမှုကို ကြွားမနေပါနဲ့"
"ဟားဟား....ဟုတ်ပါပြီ....တာဝန်ကျေလိုက်ပါဦး"
ရှောင်းကျန့်က ညဂျူတီကျနေတဲ့ သူနာပြုလေးတွေကို ပြုံးပြပြီး ထွက်လာခဲ့သည်။
သူနေတဲ့နေရာနဲ့ ဆေးရုံက သိပ်မဝေးတာကြောင့် လမ်းလျှောက်ပြီးတော့သာ ပြန်ခဲ့သည်။လမ်းလျှောက်နေရင်း အရမ်းလှတဲ့ ရှန်ဟိုင်းမြို့ရဲ့ ညအလင်းရောင်တွေကို ကြည့်နေမိသည်။
ČTEŠ
Moonlight and firefly(Completed)