ရှောင်းကျန့်ဟာ ဂုဏ်သရေရှိ မိန်းမပျိုလေးတစ်ယောက်လို ဝတ်ဆင်ထားတာကြောင့် လူတိုင်းက ငေးကြည့်နေကြသည်။သူ့မျက်နှာကို မမြင်ရသော်လည်း အရမ်းလှမှန်း သိနိုင်လေသည်။
စူးသခင်လေးဟာ ဂုဏ်မောက်သူပီပီ ရှောင်းကျန့်ကို မရှိန်ပါ။သူ့ထက် ရာထူးမြင့်မှာကိုလည်း စိတ်မပူပေ။သူ့မှာ သူ့အဖေရှိလေသည်။
"ဘယ်က ယူအာဖားသားလဲ"
"ဘယ်ကလဲတဲ့လား?ငါ့ရဲ့မျိုးရိုးနာမည်က your နာမည်က father.....အဲ့တာက မင်းလိုလူရဲ့ ပါးစပ်ထဲမှာ ပေါက်ပန်းလေးဆယ် ထွက်လို့မရဘူး.....မန်းကီး....ဒီမြို့ရဲ့ တာဝန်ရှိတဲ့သူတွေကို သွားခေါ်စမ်း..."
"ဟုတ်ကဲ့..."
မျောက်ကလေးက အလျင်အမြန် သွားပြောရန် ပြင်လိုက်စဥ် လူတစ်ယောက်ရဲ့အသံကို ကြားလိုက်ရသည်။
"မြို့စားမင်းနဲ့ စူးသခင်ကြီးတို့ ရောက်လာကြပြီ..."
စူးသခင်လေးဟာ အားကိုးရောက်လာတာကြောင့် ပျော်သွားလေသည်။စူးသခင်ကြီးက မျက်နှာထားတင်းနေပေမဲ့ တစ်ဖက်လူက ဘယ်သူမှန်း မသိတာမို့ ငြိမ်နေလေသည်။
"ဒီက သခင်မလေးက ဘယ်သူလဲ မသိဘူး"
"ငါက your fatherဘဲ...."
"အဲ့နာမည် မကြားဖူးပါဘူး"
"ငါတို့ကလန်က နှစ်သောင်းချီနေပြီ....ခုနက ဟိုကလေးခွဲလိုက်တဲ့ ပန်းအိုးက ဆရာကြီး စတုပစ်ရဲ့ အကောင်းဆုံးလက်ရာဘဲ....အဲ့စတုပစ်က အရင်က ငါတို့ကလန်ရဲ့ လက်မှုပညာအဖွဲ့ထဲက တစ်ယောက်ဘဲ...အဖွဲ့ထဲမှာ အညံ့ဆုံးမို့လို့ ကလန်ထဲက သူ့ကို ထုတ်လိုက်တာ....ငါတို့အတွက် သူ့လက်ရာက အဖိုးမတန်ပေမဲ့ ဒီကလူတိုင်းအတွက်ကတော့ အရမ်းတန်ဖိုးရှိတယ်...ပြန်လျော်ပေးလိုက်ပါ....အဲ့တာဆို ငါ့ကို ပြောဆိုထားတာတွေအတွက် ဗွေမယူတော့ဘူး"
လေသံငြိမ်ငြိမ်နဲ့ တကယ်ကြီးပြောနေတဲ့အတွက်ကြောင့် အကုန်လုံးဟာ တကယ်ကြီး ထင်သွားကြသည်။မြို့စားမင်းဟာလည်း တံတွေးမြို့ချလိုက်ပြီး ကြောက်ကြောက်လန့်လန့် ထပ်မေးလိုက်သည်။
"ဒါဆို သခင်မလေးက ဝမ်ဘုရင်ကြီးနဲ့လည်း သိကျွမ်းပါသလား"
"ဝမ်?ဘယ်ဝမ်လဲ....ငါနဲ့သိတဲ့တိုင်းပြည်တိုင်းမှာ ဝမ်မျိုးရိုးတွေ ရှိတယ်လေ...မင်းပြောချင်တာက ဒီတိုင်းပြည်ရဲ့ ဘုရင်ဆိုရင်...သူက ငါနဲ့ခင်ဖို့ အဆင့်မမှီဘူး"
VOUS LISEZ
Moonlight and firefly(Completed)