(27)အလကားပစ္စည်း

7K 919 124
                                    

နန်းတွင်း၌ ညစာစားပွဲ ပြီးသည့်နောက် ရှောင်းကျန့်ဟာလည်း ပုံမှန်အတိုင်း အချိန်ကုန်နေသည်။စာရေးဆရာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ပျင်းလို့ဆိုပြီး မလုပ်တော့ပေ။

စာသင်ရတာက ပျင်းစရာ ကောင်းသည့်အတွက် သူများတွေကို ကူညီပေးဖို့ကို စိတ်မပါတော့ပေ။သူ့အကိုကို ကြိုက်နေသည့် ဝမ်ယူမင်ကို အားနာပေမဲ့ သူတောင် ဝမ်ရိပေါ်ကို မရသေးပေ။

"အကိုကြီး.....အကိုကြီးက မိတ်ဆွေများအောင် မလုပ်ဘဲ ရန်သူများအောင် လုပ်နေတယ်"

"ဘာလုပ်လို့လဲ"

"နန်းတော်တုန်းက ကိစ္စလေ....အခု အဲ့လူတွေက ကူကိုင်းကို တစ်မျိုးမဟုတ်တစ်မျိုး ပြဿနာ ရှာနေကြတယ်"

"အဲ့တော့?"

"အဲ့တော့တဲ့လား"

"ဒါဆို ငါက ဘာပြောရမှာလဲ....မင်းတို့ ဖြေရှင်းလိုက်လေ"

ကျိုးဝတုတ်ကတော့ သူပြောချင်တာက 'ပြဿနာထပ်မရှာအောင်'ဖြစ်သော်လည်း ဘယ်လိုပြောရမှန်းတောင် မသိတော့သည်အထိ ဖြစ်သွားသည်။

စာသင်ခန်းထဲမှာမို့ ထပ်မပြောဖြစ်တော့ပေ။ဆရာမလာသေးသဖြင့် တစ်ခန်းလုံးက ရိုးရာမပျက် ဆူညံနေကြသည်။

"ရှောင်းကျန့် နင့်ကြည့်ရတာ....အားမရှိလိုက်တာ"

"ငါ့ကြည့်ပြီး အားရှိရအောင် ငါက ကြက်ပေါင်လား"

ဆုရှားလုစကားကို ရှောင်းကျန့်တစ်ယောက် ပက်ခနဲ ပြန်ပြောလိုက်သည်။

"နင်က ကြက်ပေါင် မဟုတ်လို့ပေါ့.....မဟုတ်ရင် တစစီ ဆွဲဖြုတ်ပြီး ခွေးကျွေးလိုက်ပြီ....ငါ့အနားမှာ မျက်နှာမသာမယာနဲ့ ....အဲ့တာက ငါ့ကို လန်းဆန်းမှု ပျောက်စေတယ်"

"ငါပျင်းနေတယ်... သောက်ရမ်းပျင်းတယ်...စာမသင်ချင်တော့ဘူး....ဝမ်ရိပေါ်ကို အခြားနည်းနဲ့ဘဲ သိမ်းလိုက်မယ်"

"ငါအကြံပေးမယ်"

"ပြောကြည့်"

"နင်သူ့ကို ပြန်ပေးဆွဲလိုက်.....ပြီးရင် စိတ်ကြွဆေး တိုက်လိုက်.... ပြီးရင် သူ့ရဲ့အဝတ်အစားတွေကို ချွတ်ပစ်ပြီး အလုပ်ခံလိုက်....ငါ့နည်းကောင်းတယ်မလား"

Moonlight and firefly(Completed)Onde histórias criam vida. Descubra agora