(9)ငါ့ကိုနမ်းလေ

8.2K 1K 77
                                    

နောက်တစ်နေ့မှာတော့ သူတို့တွေ ခရီးဆက်ကြလေသည်။ရှောင်းကျန့်တစ်ယောက် တစ်လမ်းလုံး ငြိမ်နေသဖြင့် အကုန်လုံးက အံ့သြနေကြသည်။

ပိုင်ပိုင်ဟာ ရှောင်းကျန့်နားကပ်ပြီး ငြိမ်နေရခြင်းအကြောင်းအရင်းကို မေးလိုက်တော့သည်။

"ငါငြိမ်နေတာ မကောင်းလို့လား"

"မဟုတ်ပါဘူး..... လုံးဝမဟုတ်ဘူး...."

"ငါငြိမ်နေတာ ဝမ်ရိပေါ်ကြောင့်"

အရှေ့က ဝမ်ရိပေါ်ဟာ သူ့နာမည်ကြားတာကြောင့် လှည့်ကြည့်လာသည်။ရှောင်းကျန့်ဟာ သူ့ခင်ပွန်းလောင်း လှည့်ကြည့်လာတာနဲ့ fly kissပေးလိုက်သည်။

ဝမ်ရိပေါ်ဟာ ချက်ချင်းပင် ပြန်လှည့်သွားသည်။ရှောင်းကျန့်ဟာ ရယ်လိုက်ပြီး ဒီအမတ်လေးက ချစ်ဖို့ကောင်းတယ်လို့ တွေးလိုက်သည်။

'ဒီဘဝမှာ ကောဖြစ်နေပေမဲ့ ယောကျ်ားချောချောလေးရရင်ဘဲ ကျေနပ်ပါပြီ....ဒီဝမ်ရိပေါ်က အာဏာရှိတယ်ဆိုတာထက် သူက အရမ်းချောလို့ ငါရွေးလိုက်တာ....'

ရှောင်းကျန့်ဟာ အရင်ကမ္ဘာမှာထဲက တစ်ခါမှမချစ်ဖူးသဖြင့် ဝမ်ရိပေါ်ကိုလည်း ချစ်နေသည်ဟု မထင်ပေ။သူဟာ သူ့စိတ်ထဲက အသင့်တော်ဆုံးကိုသာ ရွေးလိုက်တာ ဖြစ်သည်။

ရှောင်းကျန့်တစ်ယောက် သတိမထားမိသည်က အမြဲတမ်းကလိမ်ကကျစ်ဉာဏ်တွေ ထွက်ပြီး လိမ်တတ်တဲ့သူက ဝမ်ရိပေါ်တို့အဖွဲ့ကို မလိမ်ရသေးတာကိုပင်။သူဟာ လိမ်ဖို့ကိုပင် မေ့နေတာ ဖြစ်သည်။

သူတို့အဖွဲ့ဟာ အများကြီး မလျှောက်လိုက်ရပေ။နေ့လည်လောက်မှာ ဂူရှိရာဆီသို့ ရောက်သွားတော့သည်။

ရှောင်းကျန့်ဟာ ဂူကိုမြင်တာနဲ့ အားပါးတရ အော်ရယ်တော့သည်။

"ဒါကဂူလား.....ငါ့လာနောက်နေတာလား...."

တကယ်တော့ အများတွေပြောနေသည့်ဂူဟာ လူတစ်ယောက်စာသာ ဆံ့သည့် ခွေးတိုးပေါက်နဲ့ တူနေသည်။

ဝမ်ရိပေါ်ကတော့ ဂူရဲ့အနေအထားကို သေချာကြည့်ပြီး အစီအစဥ်ချလိုက်သည်။သူ့သက်တော်စောင့်လုယွဲ့က ရှေ့ဆုံးက ဝင်ပြီး မင်းသားတွေနဲ့ရှောင်းကျန့်တို့အဖွဲ့ကို အလယ်လောက်မှာ ဝင်ခိုင်းလေသည်။

Moonlight and firefly(Completed)Hikayelerin yaşadığı yer. Şimdi keşfedin