ဒီနေ့ကတော့ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်တို့အတွက် အရမ်းအရေးကြီးသည့် လက်ထပ်ပွဲကျင်းပမည့်နေ့ ဖြစ်သည်။
နှစ်ဖက်စလုံးက ကိုယ်စီ တင်တောင်းပစ္စည်းတွေ ခန်းဝင်ပစ္စည်းတွေကို ပို့ပြီးကြပြီဖြစ်သည်။ဝမ်ရိပေါ်ရဲ့ မိဘတွေဟာလည်း အရင်အပတ်က ပြန်ရောက်လာကြသည်။
ရှောင်းကျန့်ရဲ့ မကောင်းသတင်းတွေက အရင်လောက် မပျံ့တော့သော်လည်း ပျံ့နှံ့နေဆဲဖြစ်သည်။သို့သော်လည်း ဝမ်ရိပေါ်ရဲ့မိဘတွေကတော့ သူတို့သားရဲ့ ရွေးချယ်မှုကို ယုံကြည်ကြသည်။
ဝမ်ကတော်ကလည်း ရှောင်းကျန့်အား သူ့သားသဖွယ် တုန်နေအောင် ချစ်ခင်လေသည်။အကြောင်းကတော့ ရှောင်းကျန့်ရဲ့ ကျွမ်းကျင်လိမ္မာလှတဲ့ စကားပြောစွမ်းရည်မှာ ကျရှုံးသွားတာ ဖြစ်သည်။
ရှောင်းကျန့်တစ်ယောက် အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ပြီး ခေါင်းဆောင်းအနီလေးကိုလည်း မျက်နှာမမြင်ရအောင် ဆောင်းထားရသည်။
သူ့ဘဝမှာ အပျော်ရွှင်ရဆုံးနေ့မို့ စိတ်အရမ်းလှုပ်ရှားနေသည်။သူ့ရဲ့ရှောင်းအိမ်တော်သို့ ဝမ်ရိပေါ်ကိုယ်တိုင် ဝေါယာဥ်ဖြင့် လာခေါ်မည်ကို စောင့်ဆိုင်းနေရသည်။
"စိတ်လှုပ်ရှားနေတာလား"
ရှောင်းကျန့်ဘေးနားက ဆုရှားလုနဲ့ ရွီဖန်းတို့က မေးလိုက်သည်။
"ငါ့တုန်းကလည်း အဲ့လိုဘဲ.....သူစိတ်အေးအောင် တစ်ခုခု ပြောပြလိုက်ပါလား"
ရွီဖန်းက ဆုရှားလုကို တိုက်တွန်းလိုက်သည်။သူ့ထက်စာရင် ဆုရှားလုက ဟာသဉာဏ်ရွှင်ပြီး သွက်လည်းသွက်သည် မဟုတ်ပါလား။
"ကောင်းပြီ.......မင်္ဂလာဦးညအကြောင်းလေး ပြောရအောင်...နင်အခုထိ လူပျိုဘဲ ရှိသေးတယ်မလား"
"ဒါပေါ့.....ငါက ဂုဏ်သိက္ခာရှိတဲ့ ကောင်လေးပါနော်"
"ဒါဆိုရင် ငါမေးမယ်....ဒီည နင့်ရဲ့အဝတ်အစားတွေကို နင်ကိုယ်တိုင်ချွတ်မှာလား....သူချွတ်ပေးတာ ခံမှာလား"
ရွီဖန်းတစ်ယောက် ဆုရှားလုအား 'နင်မိန်းကလေးတော့ စစ်ပါတယ်နော်'ဆိုတဲ့အကြည့်နဲ့ကြည့်ကာ ဆွံ့အနေသည်။
YOU ARE READING
Moonlight and firefly(Completed)