(16)သူပဲလား

8K 1K 81
                                    

စစ်သူကြီးရှောင်းစုဟာ သူ့မြေးဖြစ်သူ ရှောင်းရှင်းယန်ကို ကြည့်ရှုရန် ဝမ်ရွမ်းကျောင်းတော်ကို လာခဲ့တာ ဖြစ်သည်။

တစ်ဦးတည်းသောမြေးလေးဟာ စာပေထက် တိုက်ခိုက်ရေးမှာ ပိုထူးချွန်တာမို့ လာရခြင်းဖြစ်သည်။သို့သော် ရလဒ်က သူ့ကို ပျော်ရွှင်စေပါသည်။

ကျေနပ်မှုတွေနဲ့ ပြန်လာစဥ် ကောင်လေးတစ်စုရဲ့ စကားကို ကြားလိုက်ရသည်။သူ့ကိုယ်သူ ရှောင်းစစ်သူကြီးရဲ့မြေးဆိုပြီး ပြောနေတဲ့ကောင်လေးဟာ သူ့သားငယ်နဲ့ ဆင်နေသည်။

အစက စနောက်ပြီးပြောတာလို့ ထင်ထားခဲ့ပေမဲ့ သူ့ချွေးမလေး အိုမိန်ရှင်းရဲ့နာမည်ကြောင့် သေချာလောက်သည်ဟု ထင်သွားသည်။

သို့သော် ရဲရဲကြီးမယုံရဲသဖြင့် သတိမေ့အောင် ရိုက်လိုက်တာဖြစ်သည်။သွေးအေးသူမို့ ဖမ်းချုပ်ပြီး မေးတာကိုသာ အသားကျနေသည်။

သူ့အသက်က၆ဝ ကျော်ပြီဖြစ်သော်လည်း စစ်သူကြီးအာဏာကို အခုထိ ထိန်းသိမ်းနိုင်ခဲ့သည်။သားငယ်ဖြစ်သူ ရှောင်းအန်သာရှိလျှင် သူ့နေရာကို ဆက်ခံနေပြီဖြစ်သည်။

ရှောင်းရှင်းယန်၏အဖေဖြစ်သူ သူ့သားကြီး ရှောင်းယန်ဟာ တိုက်ခိုက်ရေးစိတ်မဝင်စားတဲ့ ထင်ရှားကျော်ကြားသော စာပေသမားသာ ဖြစ်သည်။ထို့ပြင် အမှုထမ်းလည်း မဖြစ်ချင်သူမို့ တိုင်းပြည်အနှံ့ ခရီးထွက်နေသူဖြစ်သည်။

ရှောင်းစုဟာ သူ့ရိုက်လိုက်တဲ့ကောင်လေးရဲ့ အပေါင်းအပါတွေကို လျစ်လျူရှုပြီး ထိုကောင်လေးကို ရှောင်းအိမ်တော်သို့ ခေါ်သွားတော့သည်။

ကျန်ခဲ့တဲ့ ချန်းရီတို့ဟာ ရှောင်းစစ်သူကြီးကို တစ်ခါတွေ့ဖူးတာမို့ ဝင်မရှုပ်ရဲပေ။သူတို့ခေါင်းဆောင်ရဲ့ ပါးစပ်ကိုသာ အပြစ်တင်ရမည်။အမှန်တရားဆိုရင်တောင် အခုလို နေရာမျိုးတွင် မပြောသင့်ပေ။

သူတို့အားလုံးဟာ သူတို့ခေါင်းဆောင်ရဲ့စကားသာ မဟုတ်ခဲ့လျှင် ဖြစ်လာမည့်အကျိုးဆက်အတွက် ပြင်ဆင်နေကြသည်။

ထွက်ပြေးဖို့ ငွေစုထားပြီး ခေါင်းဆောင်ကိုကယ်ဖို့ လူစုထားကြသည်။ထို့ပြင် ခေါင်းဆောင်ရဲ့အမေဆီကိုလည်း အကြောင်းကြားလိုက်ကြတော့သည်။
........

Moonlight and firefly(Completed)Donde viven las historias. Descúbrelo ahora