ရှောင်းကျန့်ဟာ လှေကားပေါ်က ပြုတ်ကျပြီး ခြေထောက်သာ ဒဏ်ရာရသွားသည်။သူဟာ ခြေထောက်က နာနေတာကလွဲရင် ကျန်တာ အကောင်းဘဲမို့ ဘယ်သူ့ကိုမှ အသိမပေးတော့ပေ။
သို့သော် စာကြည့်တိုက်မှာ ဖြစ်သွားသည်မို့ လူတိုင်းသိကုန်ကြသည်။ဝမ်ရိပေါ်ဟာ သတင်းရရချင်း စိတ်ပူသွားပြီး ရှောင်းကျန့်ရဲ့ အခန်းဆီကို လာတော့သည်။
သူရောက်သည့်အချိန်၌ ရှောင်းရှင်းယန်နဲ့တိုးကာ ရှောင်းကျန့်အခြေအနေကို မေးမြန်းလိုက်သည်။ခြေထောက်သာ ထိသွားတယ်ဆိုမှ စိတ်ပူမှုတွေ လျှော့ကျသွားသညိ။
ထို့နောက် အခန်းထဲဝင်တော့ လှဲနေတဲ့ ရှောင်းကျန့်အား တွေ့လိုက်ရသည်။မျက်လုံးတွေ မှိတ်ထားတာကြောင့် အိပ်နေပုံရသည်။
ရှောင်းကျန့်တစ်ယောက် တမင်တကာ မျက်လုံးမှိတ်ထားတာ ဖြစ်သည်။ခဏအကြာမှာ မျက်လုံးကို တဖြည်းဖြည့်ဖွင့်ရင်း သူ့ရှေ့က ဝမ်ရိပေါ်ကို စိုက်ကြည့်လိုက်သည်။
"လောင်ကုန်း?"
"......"
"လောင်ကုန်း.....ကျန့်ကျန့် ဘာဖြစ်သွားတာလဲဟင်"
"......."
"ကျန့်ကျန့် ဘာမှ မမှတ်မိတော့ဘူး......လောင်ကုန်းကိုဘဲ မှတ်မိတော့တယ်"
"မင်းခြေထောက်ဘဲ ထိသွားတာ ငါသိတယ်"
"ဟွန့်.....နည်းနည်းလေးတောင် ဟန်မဆောင်ပေးဘူး"
"သက်သာရဲ့လား"
"နာတယ်....အများကြီး နာနေတာ"
"ဘာလုပ်ပေးရမလဲ.....ဆေးယူပေးရမလား"
"ရတယ်.....အနမ်းလေး ပေးရုံဘဲ....ခင်ဗျားအနမ်းနဲ့တင် အကုန်သက်သာသွားမှာ"
"....."
"အနမ်းတစ်ပွင့်ဘဲလေ"
"မရဘူး.....အခြားဟာပြော"
"ဟွန်း....ဒါဆို ခင်ဗျားကို ရွေးချယ်စရာနှစ်ခုပေးမယ်....တစ်ခုကို ရွေး"
"ပြောကြည့်"
"တစ်ခုက ကျွန်တော့်ကို နမ်းပါ"
"နောက်တစ်ခုကကော?"
"နောက်တစ်ခုက ကျွန်တော် ခင်ဗျားကို နမ်းမယ်"
YOU ARE READING
Moonlight and firefly(Completed)