(55)ကျေးဇူးဆပ်ခြင်း

5.9K 731 29
                                    

ဝမ်ကျားရန်ဟာ တိုင်းပြည်ရဲ့နယ်စပ်ရှိ တောတစ်ခုမှာ ပုန်းအောင်းနေရသည်။ဒီတစ်ခေါက်မှာ သူ့ရဲ့ပေါ့ဆမှုကြောင့် ဒီလိုအခြေအနေအထိ ဖြစ်ခဲ့ရသည်။

သို့သော် သူ့ရဲ့ရည်ရွယ်ချက်ကိုတော့ လက်မလျှော့ပေ။မကြာခင်မှာ သူနဲ့မိတ်ဆွေဖွဲ့ထားသည့် ဟေဂန်နိုင်ငံကအိမ်ရှေ့စံဟာ သူ့စစ်သည်တွေကိုခေါ်ပြီး နန်းသိမ်းရန် ကူညီလိမ့်မည်ဖြစ်သည်။

အချိန်ခဏသာ စောင့်ပြီးရင် သူဟာ တစ်တိုင်ပြည်လုံးကို အုပ်ချုပ်မဲ့ ရှင်ဘုရင် ဖြစ်လာလိမ့်မည်။ထိုအခါကျရင် ရှောင်းကျန့်ဘဲဖြစ်ဖြစ် ဝမ်ရိပေါ်ဘဲဖြစ်ဖြစ် သူ့စိတ်ကြိုက် သတ်ခွင့်ရှိလိမ့်မည်။

"ရှောင်းကျန့်.......အရင်တုန်းကလိုဘဲ ငါက မင်းချစ်ရတဲ့သူတွေကို သတ်ပစ်ဦးမှာ"
.................

ဝမ်အိမ်တော်မှာတော့ ရှောင်းကျန့်ဟာ ဆုရှားလုရဲ့ ဓားကြီးကို ကြောက်သဖြင့် ပတ်ပြေးနေရသည်။

"မိန်းကလေးဖြစ်ပြီး ဓားကြီးနဲ့....မလိုက်ဖက်ဘူး"

"ငါနဲ့ လိုက်ဖက်ဖို့ မလိုဘူး....နင်နဲ့အပ်စပ်ဖို့သာ လိုတာ....နင့်ရဲ့နောက်ဆုံးထွက်သက်အတွက် သီးသန့်ကို ယူလာခဲ့တာ"

"အချစ်အတွက်နဲ့ သူငယ်ချင်းကောင်းတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးခံမယ်ပေါ့"

"နင့်လိုလူမျိုးဆိုရင် အယောက်တစ်ရာသေရင်တောင် အဆုံးရှုံးခံနိုင်တယ်"

"နင်လည်း ရှားထူရိကို ကြိုက်ရဲ့သားနဲ့....ငါလုပ်တာက အဲ့လောက်မဆိုးပါဘူး"

"မှန်တယ် ငါသူ့ကို သဘောကျတယ်....အဲ့တာက သဘောကျရုံလေးဘဲ ရှိသေးတာ....ချစ်သေးတာ မဟုတ်ဘူး"

"ကြာလာရင် ချစ်လာမှာဘဲကို....ငါလည်း အစက ဝမ်ရိပေါ်ကို ကြိုက်ကြောင်း လိုက်ပြောနေပေမဲ့ အတည်မချစ်သေးဘူး....နောက်ပိုင်းမှ အရမ်းချစ်သွားတာ...ငါအစကထင်တာ သူက ရုပ်အရမ်းချောပြီး အင်အားအကြီးဆုံးမို့ ငါနဲ့လိုက်ဖက်တာဆိုပြီး ရွေးလိုက်တာ"

"နင့်အနောက်မှာ ရိပေါ်ကောကော"

"........"

ရှောင်းကျန့်ဟာ ဆုရှားလုရဲ့ လက်စားချေတာကို ခံလိုက်ပြီး ဝမ်ရိပေါ်ရဲ့ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရပါတော့သည်။

Moonlight and firefly(Completed)Onde histórias criam vida. Descubra agora