ဝမ်ရိပေါ်ဟာ အခြားသူတွေအများကြီးရှေ့မို့ တည်တည်ငြိမ်ငြိမ်နဲ့ဘဲ ရှောင်းကျန့်အား ကြမ်းပြင်ပေါ် ချပေးလိုက်ပြီး နေရာမှာ ပြန်ထိုင်ခိုင်းလိုက်သည်။
"ငါက ဝမ်ရိပေါ်.....ငါက စာပေဗဟုသုတတွေ သင်ပေးမှာ....စာပေဆိုတော့ ကဗျာတွေ စာစီစာကုံးတွေနဲ့ လက်ရေးလှအောင် သင်ပေးမယ်....ဝမ်ရွမ်းကျောင်းတော်က ကျောင်းသားတိုင်းရဲ့ လက်ရေးက စုတ်ပြတ်နေလို့ မရဘူး....အခုက ငါ့ရဲ့ ပထမဆုံးအတန်းချိန်မို့ လက်ရေးလှအောင် ကျင့်ကြတာပေါ့"
ပြောပြီးတာနဲ့ စာရွက်ပေါ်မှာ စာလုံးနှစ်လုံး ချရေးလိုက်ပြီး အကုန်လုံးကို သူ့အတိုင်း လိုက်ရေးစေသည်။လူတိုင်းကို လိုက်ကြည့်ပြီး မလှမချင်း ရေးခိုင်းတော့သည်။
ရှောင်းကျန့်ဟာ နဂိုထဲက ခေတ်သစ်ကမို့ ရှေးဟောင်းစာတွေနဲ့ မရင်းနှီးသလို မူလကိုယ်ကလည်း သိပ်မကျွမ်းကျင်သဖြင့် သူ့လက်ရေးဟာ တစ်တန်းလုံးထဲမှာ အဆိုးဆုံးဖြစ်သည်။
ရှောင်းရှင်းယန် လက်ရေးဟာ ဝမ်ရိပေါ်နီးပါး လှပြီး ဝမ်ယူမင်လက်ရေးကလည်း ကြည့်လို့ကောင်းလေသည်။ပိုင်ပိုင်ကလည်း စာလုံးကို လှအောင် ရေးထားနိုင်သည်။
ဆုရှားလုက လက်ရေးမလှပေမဲ့ စာရေးတာ သပ်ရပ်လေသည်။သို့သော် ဝမ်ရိပေါ်ရဲ့ စံနှုန်းကို မမှီသဖြင့် ထပ်ခါထပ်ခါ ရေးနေရသည်။
ဝမ်ရိပေါ်တစ်ယောက် သူ့ဆီရောက်လာတော့ ရှောင်းကျန့်ဟာ သူ့ရဲ့လက်ရေးကို ဂုဏ်ယူဝံ့ကြွားစွာ ပြလေသည်။
"ဘယ်လိုလဲ... လှတယ်မလား"
"ဒါက လှတယ်ဆိုရင် ငါကန်းရင်ကန်း....မဟုတ်ရင် ရူးနေလို့ဘဲ"
"ဆရာဝမ်ကလည်း...ဒါက ဘယ်လောက်လှလိုက်သလဲ....ဒါက ရွဲ့စောင်းနေတာ မဟုတ်ဘူး....အနုပညာမြောက်အောင် တမင်ရေးထားတာ"
"ပြန်ရေး...မလှမချင်း ရေးနေ"
"ဟုတ်"
ဝမ်ရိပေါ်ဟာ လက်ရေးလှတဲ့သူတွေကိုလည်း နည်းနည်းပါးပါး လေ့ကျင့်စေသည်။အကုန်လုံးဟာ ထပ်ခါထပ်ခါ ရေးပြီးနောက် ပိုပြီးလှလာကြသည်။
YOU ARE READING
Moonlight and firefly(Completed)