🔞🔞🔞⚠⚠⚠
(A/N:မီးနီတွေ ပါပါတယ်😂 အနီမကြိုက်ရင် ကျော်သွားကြပါနော်😊 )
ရှောင်းကျန့် အိပ်ခန်းထဲတွင် စိတ်လှုပ်ရှားစွာ စောင့်နေစဥ် အခန်းတံခါးပွင့်လာပြီး သူ့ဆီ လျှောက်လာတဲ့ ခြေသံတိုးတိုးအား ကြားလိုက်ရသည်။
အရမ်းကို စိတ်လှုပ်ရှားနေတာကြောင့် ခေါင်းဆောင်းကိုပင် မဖွင့်မိပေ။ဝမ်ရိပေါ်ဟာ သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး ခေါင်းဆောင်းအနီအား လှန်တင်ပေးလေသည်။
"စောင့်နေတာ ကြာသွားလား"
"မကြာပါဘူး.....စိတ်လှုပ်ရှားတာနဲ့တင် အချိန်ကို မေ့နေပြီ"
"ဒါဆို ကိုယ်တို့အရင်ဆုံး မင်္ဂလာအရက်ကို သောက်ရအောင်"
"အွန်း"
အရက်သောက်ပြီးနောက် သူတို့ကြား လေထုက အရမ်းကို တိတ်ဆိတ်သွားသည်။ဝမ်ရိပေါ်ဟာ ရှောင်းကျန့်အပေါ် ပိုင်ဆိုင်လိုစိတ် ရှိပေမဲ့ ရှက်တာကြောင့် ဘာမှမလုပ်ရဲသေးပေ။ဘယ်လိုစရမလဲကိုသာ တွေးတောနေတော့သည်။
ခဏလောက် ကြာပြီးနောက် သည်းမခံနိုင်တော့တဲ့ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်အား အိပ်ရာပေါ် တွန်းချလိုက်ပြီး အပေါ်ကနေ အုပ်မိုးလိုက်သည်။
"ခင်ဗျား.....ဘာလို့ ဘာမှမလုပ်တာလဲ"
"ကိုယ်...ဘယ်ကစရမလဲ မသိလို့"
"ခင်ဗျား တားမြစ်စာအုပ်တွေ မဖတ်ဖူးဘူးလား"
"ကိုယ့်လိုလူက အဲ့လိုစာအုပ်တွေကို မဖတ်ဘူး"
"အဲ့တာကြောင့် အခုလို ဘယ်ကစရမလဲမသိ ဖြစ်နေတာပေါ့.....တော်သေးတယ်.....ဆုရှားလု သတိပေးလို့ တားမြစ်စာအုပ်ဝယ်ခဲ့မိတာ......ရော့......ခင်ဗျား ဖတ်ပြီးရင် ဘယ်ကစရမလဲ သိသွားလိမ့်မယ်"
ရှောင်းကျန့်တစ်ယောက် ဝမ်ရိပေါ်အား စာအုပ်ပေးလိုက်ပြီး အိပ်ရာပေါ်မှထကာ စားပွဲပေါ်က အစားအစာတွေကို ထိုင်စားပြီး ဝမ်ရိပေါ်စာဖတ်ပြီးတဲ့အထိ စောင့်နေလိုက်သည်။
ဝမ်ရိပေါ်ဟာ မချင့်မရဲဖြင့် စာအုပ်ကို ဖွင့်ကာ ဖတ်လိုက်လေသည်။ပထမစာမျက်နှာတစ်ခုထဲနဲ့ သူ့အား မျက်နှာရဲစေသည်။သို့သော် မဖတ်လို့ မရသဖြင့် အဆုံးထိ ဖတ်ကာ မှတ်သားလိုက်တော့သည်။
YOU ARE READING
Moonlight and firefly(Completed)