(54)ပုန်ကန်သူ

6.1K 794 41
                                    

ဝမ်ရိပေါ်ဟာ ပြိုင်ပွဲကိုကြီးကြပ်ရသူမို့ ကျူးယန်အနားမှာဘဲ စောင့်နေရသဖြင့် အပြင်ဘက်ကပွဲကို ကြားနေရသော်လည်း သွားလို့မရပေ။

ထို့နောက် ဝမ်ကျားရန် အဖမ်းခံရမှ ရှောင်းကျန့် သူ့ကို လျှို့ဝှက်ထားကြောင်း သိလိုက်ရသည်။သူစိတ်ပူမှာဆိုးလို့ မပြောတာကို သိသော်လည်း နည်းနည်းတော့ စိတ်ဆိုးမိသည်။

အပြင်က ရှောင်းကျန့်ကလည်း ဒီလိုဖြစ်မှာကို ကြိုသိနေပါသည်။ထို့ကြောင့် ချော့ရန် အသင့်ပြင်ထားလေသည်။

ကျူးယန်ရဲ့ ဒဏ်ရာဟာ သေစေနိုင်သည့်နေရာတွင် မဟုတ်သော်လည်း ဒဏ်ရာကနက်သဖြင့် သတိလစ်နေတုန်း ဖြစ်သည်။

မိုရှားဟာ ကျူးယန်ရဲ့လက်ကို ကိုင်ထားပြီး လူနာစောင့်နေသဖြင့် ဝမ်ရိပေါ်လည်း သမားတော်အခန်းက ထွက်လာလိုက်သည်။

ထွက်ထွက်ချင်း သူ့ရင်ခွင်ထဲ ဝင်လာတဲ့ အရှုပ်ထုပ်လေးကို တွေ့လိုက်ရသည်။သူစိတ်ဆိုးနေတာကို သိတာကြောင့် လာချွဲတာကို သိနေသဖြင့် မသိချင်ယောင်ဆောင်နေလိုက်သည်။

"စိတ်မဆိုးပါနဲ့......ကျန့်ကျန့်က ကိုယ့်ကိုယ်ကို ဒဏ်ရာမရနိုင်တာကို ယုံကြည်လို့ မပြောခဲ့တာပါ....ပြောလိုက်ရင် ခင်ဗျားက စိတ်ပူပြီး တောထဲတောင် လွှတ်မှာမဟုတ်ဘူး".

"ဒါပေမဲ့ ဒီလို အန္တရာယ်ရှိတဲ့ကိစ္စကို ကိုယ့်ကိုတော့ ပေးသိသင့်တာပေါ့"

"ဟုတ်ပါတယ်....ကျွန်တော်မှားသွားတာပါ....တောင်းပန်ပါတယ်"

"ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်....နောက်တစ်ခါဆို မရဘူး....ဘာကိစ္စဘဲရှိရှိ ကိုယ့်ကို ပြောရမယ်"

"ဟုတ်"

"ဟွန့်"

သူတို့နှစ်ယောက်အနားမှာ နှာမှုတ်သံ ကြားလိုက်ရသဖြင့် ကြည့်လိုက်တော့ ဆုရှားလု ဖြစ်နေသည်။သူမဘေးမှာက ရှားထူရိ ရှိနေပြီး ထိုတစ်ယောက်က သူမမျက်နှာကို တစ်ကမ္ဘာတည်နေသည်။

"ဘာလဲ....ပါလေရာ ငါးပိချက်မ....အချိန်တိုင်း နင့်ကိုဘဲ တွေ့နေရတယ်....ဘယ်ကနေ ဘယ်လို ရောက်ရောက်လာတာလဲ"

Moonlight and firefly(Completed)Where stories live. Discover now