ဝမ်ရိပေါ် ရှောင်းကျန့်အား ဖြေရှင်းချက် ပေးခိုင်းနေသည်။ကောင်းမွန်တဲ့ဖြေရှင်းချက် မဟုတ်လျှင် အပြစ်ပေးမည်ဟု ဆုံးဖြတ်ထားသည်။
"အကြောင်းအရင်းကိုပြော....ပေါက်တတ်ကရတွေတော့ ပြောမယ်မကြံနဲ့"
"အမှန်တော့ ငါးဖမ်းချင်လို့ ငါးစာချတာပါ"
"မင်းသားဝမ်ကျားရန်ကြောင့်လား"
"ဟုတ်တယ်.....ကျွန်တော်ခန့်မှန်းတာ မှန်ခဲ့မယ်ဆိုရင် သူက စုဝေးပွဲမှာ လှုပ်ရှားလိမ့်မယ်...အဲ့တာတောင် ခင်ဗျားကို သတ်ပြီးရင် အခက်အခဲတွေ ရှိလိမ့်မယ်"
"အခက်အခဲ?"
"ဟုတ်တယ်.....ခင်ဗျားက ပြည်သူတွေရဲ့ ယုံကြည်မှုကို ရထားတာ....ဘုရင်ထက်တောင် ပိုယုံကြသေးတယ်....ခင်ဗျားသေရင် ပြည်သူတွေ ပေါက်ကွဲကြလိမ့်မယ်....သူသာ ဘုရင်ဖြစ်ဖို့ ထီးနန်းလုရင် ခင်ဗျားသေတာက သူ့ကြောင့်ဆိုတာ အကုန်သိသွားကြမယ်....ပြီးရင် ပြည်သူတွေ ဆူပူလိမ့်မယ်"
"ဒါဆိုရင် မင်းက ကိုယ့်ကို ပြည်သူတွေ ယုံကြည်မှုနည်းအောင်လုပ်ပြီး သူ့ကို ပိုပြီး အရဲတင်းစေတာ....စုဝေးပွဲမှာ ကိုယ့်ကိုတင်မဟုတ်ဘဲ အကုန်လုံးကို ဖြုတ်ချပြီး ထီးနန်းလုအောင် လုပ်တာ"
"မှန်တယ်....သူက အခု အိမ်နီးချင်းတိုင်းပြည်နှစ်ခုနဲ့ ဆက်သွယ်ထားတယ်..."
"တကယ်ကို ပြင်ဆင်ရမှာဘဲ"
"ဟုတ်တယ်....သူက ကောက်ကျစ်တယ်"
"ဒါနဲ့ ဘာက မင်းသာ ဆိုးတာတွေလုပ်ရင် ကိုယ့်ကို ယုံကြည်မှုနည်းစေတာလဲ"
"ဘာလို့ဆို ခင်ဗျားက တိုင်ကြားစာတွေရပေမဲ့ အပြစ်မပေးဘူး....အဲ့တာနဲ့တင် ပြည်သူတွေက 'အမတ်ဝမ်ဟာ သမာသမတ်မကျတော့ဘူး...အချစ်မှာ ကျရှုံးသွားပြီ'လို့ ထင်ပြီး ခင်ဗျားကို ယုံကြည်မှုတွေ အားနည်းသွားလိမ့်မယ်"
"ဟုတ်လား.....ကိုယ်ကတော့ မင်းကကိုယ့်ကို သူများတွေ မယုံကြည်အောင် လုပ်နေတယ်လို့ မထင်ဘူး"
"ဘယ်လိုထင်လို့လဲ"
"ကိုယ်မင်းကို အရမ်းချစ်ကြောင်း ကြွားနေတယ်လို့လေ"
ESTÁS LEYENDO
Moonlight and firefly(Completed)