Extra 2

6K 685 10
                                    

တန်ဖိုးကြီးမားလှသော ရတနာများ ထားရာနေရာရှိ ချောင်လေးတစ်ခုတွင် ရှောင်းကျန့် အချိန်အကြာကြီး မေ့နေခဲ့တဲ့အရာတစ်ခုဟာ ထူးဆန်းစွာဖြင့် လှုပ်ခတ်လာသည်။

အဲ့ဒါကတော့ ရှောင်းကျန့် ကျင်းနန်တောင်ပေါ်က ယူလာခဲ့တဲ့ ဥလေး ဖြစ်သည်။ဘာမှမထူးခြားတာမို့ ပစ်စလက်ခတ် ထားထားတာ ဖြစ်သည်။

ထို့ပြင် နန်းတော်က သိမ်းသွားတဲ့ သရက်သီးဟာလည်း ရတနာဟုတ်မဟုတ် စစ်ဆေးနေတုန်းသာ ရှိသေးပြီး သတင်းဖျောက်ထားတာ ကြာပြီ ဖြစ်သည်။

အချိန်တွေ ကြာလာသော်လည်း သရက်သီးဟာ မပုပ်သလို ဘာမှလည်း မဖြစ်ပေ။ထို့ကြောင့် ရတနာအနေနဲ့ သတ်မှတ်လည်း မမှားပေ။သို့သော် ခွဲကြည့်လိုက်ရင် တမူထူးသွားမည်ဆိုးသဖြင့် ဒီအတိုင်းသာ ထားလိုက်ကြတော့သည်။

အခုတော့ ထိုသရက်သီးဟာ အရင်ကထက် ဝင်းမှည့်လာတာကြောင့် နန်းတော်တွင်း ထိုကိစ္စက အရေးကြီးနေရာမှာ ရယူထားတော့သည်။

ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ဆီကနေ သရက်သီးသတင်း ကြားမှ သရက်သီးကိစ္စကို ပြန်မှတ်မိတော့သည်။ထို့ပြင် ထိုဥအကြောင်းလည်း ပြန်မှတ်မိသွားသည်။

အဲ့တာကြောင့် သူ့ရဲ့ ရတနာတွေ စုဝေးရာ အခန်းမှာ သွားရှာတော့သည်။အခန်းထဲ ဝင်လိုက်တဲ့ မြင်တွေ့လိုက်ရတာကတော့ ကြမ်းပြင်မှာ ပြန့်ကျဲနေတဲ့ ရတနာတွေနဲ့ စုပုံနေတဲ့ ရတနာတွေ ဖြစ်သည်။

သူ့ရဲ့အကျင့်အရ ရတနာတွေကို အခန်းထဲ ပစ်ထည့်ရင်း ထိုသို့ ဖြစ်သွားပုံရသည်။ဒီပုံစံကိုသာ ဝမ်ဘုရင်ကြီး တွေ့လျှင် သွေးအန်ပြီး သေသွားနိုင်သည်။

သူတောင် အမြတ်တနိုး ထားရမည့် ရတနာတွေဟာ ရှောင်းကျန့်လက်ထဲရောက်မှ အမှိုက်သဖွယ် ဖြစ်သွားရသည်။

ရှောင်းကျန့်ဟာ ထိုရတနာတွေကြားထဲကနေ ချောင်ကြိုချောင်ကြားမှာ ရောက်နေသော ဥလေးကို တွေ့လိုက်ရ၍ သက်ပြင်းချလိုက်သည်။

ဥဟာ သရက်သီးလိုပင် အနည်းငယ်ပြောင်းလဲနေသည်။သူ့ပုံစံက ကွဲအက်တော့မည့်ပုံ ပေါက်နေသည်။

Moonlight and firefly(Completed)Where stories live. Discover now