ရှောင်းကျန့်တစ်ယောက် နာရီဝက်အကြာမှာ သတိပြန်ရလာသည်။
'ငါတို့တရုတ်ဆေးတွေကလည်း အင်္ဂလိပ်ဆေးတွေလို အချဥ်နဲ့မတည့်တာ ရှိသေးတယ်ပေါ့လေ'
စိတ်ထဲ မကျေမနပ်ရေရွတ်နေစဥ် သူ့ကိုယ်က ပေါ့ပါးနေသလို ခံစားလိုက်ရသည်။မမေ့လဲခင်က ဖွက်ထားတဲ့ ပစ္စည်းတွေကြောင့် သူ့ကိုယ်က လေးနေတာဖြစ်သည်။
အလန့်တကြား ထကြည့်လိုက်တော့ သူ့ရှေ့တွင်ပုံထားတဲ့ ရတနာပစ္စည်းတွေကို တွေ့လိုက်ရသည်။
"သမင်ဖြူအရွတ်၊ရေသူမပုလဲ၊နတ်ငါးပါးမှို၊နယ်မြေတစ်သောင်းပန်းချီကား......ဆက်ပြောရင် မောသွားလို့ရတယ်..."
"လူကြီးမင်းသာ လိုချင်ရင် ငါးပုံတစ်ပုံစာ ယူလို့ရပါတယ်....ပြန်တော့မသိမ်းလိုက်ပါနဲ့"
"ငါသိချင်တာက ငါတောင် မမြင်တာတွေကို ဘယ်အချိန်က ဘယ်လိုယူလိုက်တာလဲ"
"ဒါက ကျွန်တော့်ရဲ့ စွမ်းရည်ထဲက တစ်ခုဘဲလေ"
ဝမ်ရိပေါ်လည်း ဆက်မမေးတော့ဘဲ ရှာတွေ့ထားတဲ့ တံခါးထဲကို သော့ထည့်လိုက်တော့သည်။ရှောင်းကျန့်ကတော့ သူ့ရဲ့ ခိုးထားတဲ့ ပစ္စည်းတွေကို အိတ်ထဲထည့်နေလေသည်။
ဝမ်ရိပေါ်လို ပြည့်စုံတဲ့သူမှာ ရတနာတွေ ပေါများသည့်အတွက် ရှောင်းကျန့်ရဲ့အခုပစ္စည်းတွေကို ပြန်သိမ်းဖို့ စိတ်မဝင်စားပါ။
သူတို့နှစ်ယောက်ဟာ ပွင့်လာတဲ့ တံခါးကနေ ဝင်သွားတော့ အခြားအခန်းတစ်ခု ဖြစ်နေသည်။သူတို့ဝင်ဝင်ချင်းမှာပင် မြင်လိုက်ရတဲ့ မြင်ကွင်းက သူတို့ကို ဆွံ့အသွားစေသည်။
ဝမ်ရိပေါ်ဟာ ချက်ချင်းဆိုသလို ရှောင်းကျန့်မျက်လုံးအား ကာထားလိုက်သည်။ရှောင်းကျန့်ကတော့ မရမက ဝမ်ရိပေါ်လက်ကို ဖယ်ထုတ်တော့သည်။
'ငါလည်း liveကြည့်ချင်တယ်လေ'
ဝမ်ရိပေါ်မျက်နှာဟာ ထိုမြင်ကွင်းကြောင့် နီရဲနေသည်။သူတို့အိမ်ရှေ့စံရဲ့ ကြည်နူးဖွယ်မြင်ကွင်းကို မြင်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
"သူတို့ကြည့်ရတာ ဆေးမိနေတဲ့ပုံဘဲ"
ဝမ်ရိပေါ်စကားကို ရှောင်းကျန့်လည်း ထောက်ခံလိုက်သည်။ရွီဖန်းလို အနေအေးတဲ့သူက အိမ်ရှေ့စံကို သဘောကျရင်တောင် ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ပေ။ထို့ကြောင့် ဒီလိုကိစ္စမျိုးကလည်း ပိုလို့တောင် မဖြစ်နိုင်ပေ။
DU LIEST GERADE
Moonlight and firefly(Completed)