ရှောင်းကျန့် နောက်တစ်နေ့ နိုးလာချိန်မှာ ခေါင်းဟာ အရက်ဒဏ်ကြောင့် မတရားကိုက်နေသည်။ခဏလောက် ထိုင်နေပြီးနောက် အနည်းငယ် သက်သာလာခဲ့သည်။
ရှောင်းရှင်းယန်ကလည်း သူ့အတွက် မနက်စာ ယူပြီး ပြန်လာလေသည်။
"အဆင်ပြေရဲ့လား"
"ဟုတ်.....ဒါနဲ့ ကျွန်တော့်ကို အကို ပြန်သယ်ခဲ့တာလား"
"မဟုတ်ပါဘူး....ငါက ဝမ်ယူမင်ကို သယ်ခဲ့တာ....သူလည်း မင်းလိုဘဲ အရမ်းမူးသွားလို့....မင်းကိုက အမတ်ဝမ် သယ်ပေးတာ"
"အော်...အကိုကြီး.... ကျွန်တော်မနေ့က ဘာမှတော့ မလုပ်ခဲ့ဘူးမလား"
"မမှတ်မိဘူးလား"
"တစ်ခုခု ဖြစ်ခဲ့လို့လား"
ရှောင်းရှင်းယန်ဟာ သက်ပြင်းချလိုက်ပြီး မနေ့ညက ဖြစ်ပျက်သွားသည်များကို ပြန်လည်ကာ ပြောပြတော့သည်။
မနေ့ညက ရှောင်းကျန့်တစ်ယောက် ဝမ်ရိပေါ်ကို 'လင်မယားလုပ်တမ်း'လို့ ပြောလိုက်ချိန်မှာ ဝမ်ရိပေါ်သာမက အခြားလူတွေပါ ဆွံ့အကုန်ကြသည်။
ဝမ်ရိပေါ်ဟာ မျက်နှာကြီး မဲမှောင်လာပြီး ရှောင်းကျန့်ကို သူ့ပေါင်ပေါ်ကနေ တွန်းချလိုက်သည်။မူးနေသော ရှောင်းကျန့်ဟာ ဟန်ချက်မထိန်းဘဲ မှောက်ခုံကြီး ကျသွားတော့သည်။
ရှောင်းကျန့်ဟာ တော်တော်နဲ့ ပြန်မထလာတာကြောင့် ဝမ်ရိပေါ်တစ်ယောက် သွားထူလိုက်ချိန်မှာ ရှောင်းကျန့်ဟာ ကျားတစ်ကောင်လို ကုန်းရုန်းထလိုက်ပြီး ဝမ်ရိပေါ်ကို တွန်းလှဲကာ အပေါ်က ခွထိုင်လိုက်တော့သည်။
အရက်မမူးတဲ့သူတွေက ထိုမြင်ကွင်းကြောင့် ရှော့ခ်ရသွားသလို မူးနေတဲ့သူတွေကလည်း အမူးပြေမတတ် ဖြစ်သွားလေသည်။
အရက်မူးလွန်နေသည့် ဆုရှားလုဟာ ကျယ်လောင်စွာ လက်ခုပ်တီးလိုက်သည်။
"ကောင်းတယ် ခုန်အုပ်....ပြီးရင် ချုပ်ထား.....ပြီးရင် နမ်း ပစ် လိုက်......ကောင်းတယ် ဆက်လုပ်"
ဝမ်ယူမင်ဟာလည်း အရက်ကြောင့် ပုံမှန်ထက် မျက်နှာပိုရဲနေပြီး အရှက်ကြီးတတ်သည့် စရိုက်များ ပျောက်သွားကာ ပျော်ရွှင်စွာနဲ့ အားပေးအားမြှောက် လုပ်တော့သည်။
YOU ARE READING
Moonlight and firefly(Completed)