အမတ်ဖြစ်တဲ့ဝမ်ရိပေါ်ဟာ နဂိုထဲ အေးစက်ကာ မင်းသားတွေနဲ့ အဆင်မပြေသူမို့ မင်းသားတွေထက် စောကာ ခရီးစထွက်ခဲ့တာဖြစ်သည်။ထို့ကြောင့် အားလုံးထက် ကျင်းနန်ကို အရင်ရောက်လာခဲ့သည်။
နောက်တစ်ရက်မှာတော့ အိမ်ရှေစံနဲ့ မင်းသားနှစ်ပါးတို့ဟာ အခြံအရံတွေနဲ့ ရောက်လာခဲ့ကြသည်။အိမ်ရှေ့စံဟာ သူ့ရှေ့က ရိုသေခယနေသော မြို့စားကိုကြည့်ကာ မေးလိုက်သည်။
"ဝမ်အမတ်ကော..."
"ဝမ်အမတ်က သူ့အခန်းထဲမှာသူ နားနေပါတယ်..."
"ငါရောက်နေတာကို သူထွက်မတွေ့ဘူးလား"
မြို့စားဟာ အိမ်ရှေ့စံ ဝမ်ကျိုးယွီရဲ့ ဒေါသကြောင့် တုန်ရီနေသည်။မင်းသား၇ ဝမ်ဖုန်းခိုင်ကတော့ ဝမ်ရိပေါ်နဲ့ ခင်မင်ရင်းနှီးသူမို့ အိမ်ရှေ့စံကို ဝင်ပြောလိုက်သည်။
"ရိပေါ်က အမတ်ပေမဲ့ မင်းသားဆိုလည်း ဟုတ်တယ်လေ....ငါတို့နဲ့ ညီအကိုဝမ်းကွဲတွေ တော်တာကို လာမနှုတ်ဆက်တာက မမှားပါဘူး"
"ဟက်.....မင်းတို့အဆင့်နဲ့ငါက တူလို့လား"
မင်းသား၁၂ ဝမ်ချူးချန်ဟာ နဂိုထဲက စက်စက်ထိမခံ အစွာလေးမို့ အိမ်ရှေ့စံကို ကြည့်မရပေ။သူဟာ မင်းသားတိုင်းနဲ့ တည့်ပေမဲ့ အိမ်ရှေ့စံနဲ့တော့ အကြောမတည့်။
"အိမ်ရှေ့စံ?ဂုဏ်ပုဒ်ဘဲ ရှိတယ်....အလကား....အကိုရိပေါ်ရဲ့ ခြေဖျားတောင် မမှီဘဲနဲ့"
"မင်းဘာပြောလိုက်တယ်"
"နားကန်းနေလား"
ဝမ်ကျိုးယွီနဲ့ ဝမ်ချူးချန်တို့နှစ်ယောက်ဟာ ရန်ဖြစ်ကြပါတော့သည်။ဝမ်ဖုန်းခိုင်ကတော့ ပြောလည်းမရမဲ့အတူတူ ငြိမ်နေလိုက်သည်။
အိမ်ရှေ့စံ ဝမ်ကျိုးယွီဟာ မိခင်ဖြစ်သူကြောင့် စိတ်ကြီးဝင်ပြီး ပျက်ဆီးနေတာ ဖြစ်သည်။သူကစိတ်သဘောကောင်းပြီး ရက်စက်တတ်သည့်သူ မဟုတ်ပေ။
ဘဝင်မြင့်ပြီး ဆိုးသွမ်းနေခြင်းသာ ဖြစ်သည်။သူနဲ့ခင်သူတိုင်းကို အထူးဂရုစိုက်သည်။သူ့အားမြှောက်ပြောလျှင် ကြိုက်လေသည်။ဒါ့ကြောင်လည်း ဝမ်ရိပေါ်က သူ့ကိုဆို အဖက်မလုပ်ပေ။
ESTÁS LEYENDO
Moonlight and firefly(Completed)