ဝမ်ရိပေါ်တစ်ယောက် အိမ်တော်မှာ အနားယူရင်း ပြန်သက်သာလာပြီဖြစ်ကာ ကျောင်းတော်မှာ စာပြန်သင်နိုင်ပြီ ဖြစ်သည်။
ဒီအတောအတွင်း သူ့မှာ ရှောင်းကျန့် လာလာတိုက်တဲ့ ကြက်စွပ်ပြုတ်တွေ သောက်ရလွန်းလို့ ကြက်ရုပ်တောင် ပေါက်ချင်နေပြီ ဖြစ်သည်။
မသောက်ပါဘူးငြင်းလည်း အားရှိအောင်ဟု ဆိုကာ အတင်းတိုက်လေသည်။ကြာလာတော့ ကြက်ဆိုရင် မြင်ပါမမြင်ချင်တော့ပေ။
ဝမ်ရိပေါ် စာသင်ခန်းထဲ ဝင်တော့ တစ်ခန်းလုံးက ကျယ်လောင်စွာ အော်ဟစ်ပြီး ပြန်သက်သာလာတာကို ဂုဏ်ပြုပေးနေကြသည်။
"မင်းတို့အားလုံး ဂုဏ်ပြုပေးကြတဲ့အတွက် ကျေးဇူးပါ"
"မလိုပါဘူး....မလိုပါဘူး....ဆရာဝမ်က ကျွန်တော်တို့ရဲ့ ဆရာဘဲဟာကို"
"ဟုတ်တယ်....ဆရာဝမ် ကျေးဇူးတင်စရာ မလိုပါဘူး"
ဝမ်ရိပေါ်လည်း သူတို့နဲ့ ဆက်မပြောတော့ဘဲ စာသာ သင်တော့သည်။စာသင်နေရင်း ရှောင်းကျန့်တစ်ယောက် ငြိမ်နေတာကို သတိထားမိသွားသည်။
အရင်ကဆို သူ့အချိန်မှာ စကားတွေ အရမ်းပြောတာ ဖြစ်သည်။ဒီနေ့မှာတော့ ဘာတစ်ခွန်းမှ မပြောပေ။ထို့ပြင် စာကိုလည်း သေချာလုပ်နေသည်။လူစားလဲထားသလားဟုပင် ထင်မိသွားသည်။
သူ့အချိန် ပြီးတဲ့အထိ ရှောင်းကျန့်ကတော့ စကားတစ်ခွန်းမှပင်မဟ။ထို့ကြောင့် သူ့စိတ်ထဲ မသက်မသာ ခံစားနေရသည်။ဘာကြောင့်လဲဆိုတာ မသိပေမဲ့ စိတ်ထဲမှာတော့ မပျော်ရွှင်ပေ။
သူအခန်းထဲက ထွက်ပြီးနောက် နောက်ပြန်လှည့်ကာ ရှောင်းကျန့်အား ကြည့်လိုက်မိသည်။ထိုကောင်လေးကတော့ အခုထက်ထိ သူ့ကို လှည့်ပင်မကြည့်။အလိုမကျမှုကြောင့် မျက်မှောင်ကျုံ့ကာ ထွက်သွားတော့သည်။
...............ဝမ်ရိပေါ်မရှိတော့မှ ရှောင်းကျန့်လည်း သက်ပြင်းချမိသည်။ထို့နောက် ဆုရှားလုကို ပြောလိုက်သည်။
"နင့်နည်းလမ်းက အဆင်ရောပြေရဲ့လား....အဲ့တာက ငါ့ရင်တွေ ကွဲကြေနေသလိုဘဲ"
"ငါပြောတဲ့အတိုင်းသာ လုပ်စမ်းပါ....နင်သာ သူ့ကို လျစ်လျူရှုထားရင် သူ့ခံစားချက်တွေ ပေါက်ကွဲထွက်လာလိမ့်မယ်"
YOU ARE READING
Moonlight and firefly(Completed)