Extra (3)

7.7K 723 59
                                    

ရှောင်းကျန့်ဟာ မျက်လုံးဖွင့်လိုက်တာနဲ့ သူမရင်းနှီးသည့်မျက်နှာကျက်ကို မြင်လိုက်ရသည်။မျက်နှာကျက်ဟာ အဖြူရောင်ဖြစ်နေပြီး ဝါးနေသည့်မျက်လုံးကနေ ဆေးပိုက်တွေကို တွေ့လိုက်ရသည်။

ဦးနှောက်က ခဏမျှ ဗလာဖြစ်သွားသည်။သူမှတ်မိသည်က ဝမ်ရှောင်ရီလေးရဲ့ အသက်နှစ်ဆယ်ပြည့် မွေးနေ့အခမ်းအနားပြီးနောက် ပင်ပန်းကာ ခဏမျှ အိပ်ပျော်သွားတာ ဖြစ်သည်။နိုးလာတော့ ဒီကို ရောက်နေတာ ဖြစ်သည်။

"လူနာ....နိုးလာပြီ"

သူနာပြုမလေးရဲ့ အသံကြောင့် ရှောင်းကျန့် သတိပြန်ဝင်လာပြီး မေးမြန်းလိုက်သည်။

"ဆရာမ.....ကျွန်တော် ဘယ်ရောက်နေတာလဲ"

"ပေကျင်းဆေးရုံမှာပါ"

"ဘယ်လိုရောက်လာတာလဲဗျ"

"အဲ့တာတော့ ကျွန်မမသိဘူး....လူတစ်ယောက် လာပို့သွားတာဘဲ"

ရှောင်းကျန့် ဝမ်းနည်းသွားသည်။သူက ဟိုဘက်မှာ ကလေးတွေနဲ့ ပျော်ပျော်ရွင်ရွှင် နေနေရမှာမလား။ဒါပေမဲ့ ဟိုမှာက သူ့အသက်က လေးဆယ်ရှိနေလေပြီ။အခုကျတော့ လူငယ်လေးတစ်ယောက် ဖြစ်နေတော့ မဆိုးပါဘူးဟု တွေးလိုက်သည်။

သို့သော် သူ့ရဲ့ချစ်ချစ်ကြီး မရှိတော့ အရမ်းကိုမှ ဝမ်းနည်းစရာ ကောင်းလေသည်။

'ကလေးတွေနဲ့ ကလေးတွေအဖေက ငါမရှိလို့ ငိုများငိုနေကြမလား မသိဘူး'

သူသက်ပြင်းချမယ်ပြင်လိုက်စဥ် သူ့အခန်းထဲသို့ မိန်းကလေးတစ်ယောက် ပြေးဝင်လာသည်။ထိုမိန်းကလေးက မျက်မှန်တပ်ထားပြီး ဝတ်ထားတာက ပုံတုံးသောကြောင့် တစ်စက်ကလေးမှ လှမနေပေ။

ထိုမိန်းကလေးက ဘာမပြောညာမပြောနဲ့ ရှောင်းကျန့်အား ရိုက်တော့သည်။ရှောင်းကျန့်ခမျာ ကြောင်တောင်တောင်နဲ့ ဘာမှန်းညာမှန်းမသိဘဲ အရိုက်ခံနေရသည်။

"အီးဟီး.....ရှောင်းကျန့်.....ငါရဲ့ ရိရိလေး ကျန်ခဲ့ရှာပြီ....သူ့မှာ သားနှစ်ယောက်နဲ့ ဘယ်လိုနေနေမလဲ...ငါမရှိရင် သူ့ကိုယ်သူ သတ်သေပစ်လိမ့်မယ်"

"ဆုရှားလု?"

"နင်က ငါ့ကို ဘယ်သူထင်လို့တုန်း"

Moonlight and firefly(Completed)Where stories live. Discover now