ဆုရှားလုရဲ့ ချစ်ဖို့ကောင်းနေမှုကြီးကို ရှားထူရီတစ်ယောက် အသည်းတွေယားသွားသည်။ရှောင်းကျန့်ကတော့ ရှားထူရိအား ဆေးမမှီတော့ဘူးဆိုသည့် အကြည့်နဲ့ကြည့်ကာ ဝမ်ရိပေါ်အပေါ်ကို တစ်ကိုယ်လုံးမှီရင်း ထွက်သွားတော့သည်။
မြင်းလှည်းပေါ်ရောက်တော့ ရှောင်းကျန့်ရဲ့ ပျင်းရိနေတဲ့အမူအရာဟာ ပြောင်းလဲသွားပြီး တည်ကြည်သွားသည်။
"ဝမ်ကျားရန်... မနက်ဖြန်ကျရင် လှုပ်ရှားလိမ့်မယ်ထင်တယ်"
"ဟုတ်တယ်......သူဒီနေ့အရမ်းငြိမ်နေတယ်.....တစ်ခုခုကို ကြံစည်နေတာ သေချာတယ်"
"ကျွန်တော်ထင်တာကတော့ သူနဲ့ပူးပေါင်းတဲ့နိုင်ငံက ဒီကို ရောက်နေတဲ့တိုင်းပြည်တွေထဲက မဟုတ်ဘူး"
"ကိုယ်လည်းအဲ့လို ထင်ပါတယ်"
နှစ်ယောက်သား အပြန်အလှန် နားလည်မှုတွေနဲ့ မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်ကြတော့သည်။
သူတို့မသိသည်က သူတို့သာ ပြင်ဆင်သည်မဟုတ်ပါ။ဆုရှားလုကလည်း တစ်စုံတစ်ခုကို သိနေသည့်နှယ် သူမရဲ့အိမ်တော်က သူမလူယုံတွေအား မနက်ဖြန်အတွက် ပြင်ဆင်ခိုင်းနေတော့သည်။
................နောက်တစ်နေ့တွင် ရှောင်းကျန့်တစ်ယောက် သူ့လူတွေကို ဝမ်ရိပေါ်အား အပြည့်အဝ စောင့်ရှောက်ရန် ထပ်တလဲလဲ မှာနေတော့သည်။
"ယောကျ်ား......ခင်ဗျားကို ကျွန်တော့်ခွင့်ပြုချက်မရှိဘဲ ဒဏ်ရာရခွင့် မပြုဘူး"
"ကောင်းပြီ....အရမ်းမစိုးရိမ်ပါနဲ့"
"ကျွန်တော့်ကိုနမ်း....အဲ့တာမှ နည်းနည်းလောက် စိတ်သက်သာသွားမှာ"
ဝမ်ရိပေါ် ရှောင်းကျန့် တောင်းဆိုတဲ့အတိုင်း ရှောင်းကျန့်နှုတ်ခမ်းလေးအား ဖိကပ်ကာ နမ်းလိုက်သည်။ထို့နောက် နဖူးလေးအား ကြင်နာစွာ နမ်းလိုက်ပြီး ရှောင်းကျန့်ရဲ့ စိုးရိမ်မှုတွေကို ပြေပျောက်စေလိုက်သည်။
သူတို့ ပြိုင်ပွဲနေရာသို့ ရောက်ချိန်တွင် လူအတော်စုံနေလေပြီ။တောအဝင်ဝတွင် တဲတွေထိုးထားပြီး အနားယူနေကြသည်။
ČTEŠ
Moonlight and firefly(Completed)