(39)ကြံရာပါ

6.9K 888 66
                                    

ဝမ်ရိပေါ်ဟာ ရှောင်းစစ်သူကြီး ဖိတ်ခေါ်သဖြင့် ရှောင်းအိမ်တော်ကို လာခဲ့လေသည်။သူရောက်တော့ ရှောင်းစစ်သူကြီးက သူ့မြေးအခန်းဆီကို အတင်းပို့တော့သည်။

သူလည်း မသက်သာစွာနဲ့ဘဲ သွားလိုက်ရသည်။အခန်းထဲဝင်ရန် အသံမပြုမှီ အခန်းထဲကနေ စကားသံတွေကို ကြားနေရသဖြင့် ရပ်စောင့်နေလိုက်သည်။

အစက ရိုးရိုးစကားဝိုင်းလို့ ထင်ထားသော်လည်း နားထောင်ကြည့်မှ အရမ်းအရေးကြီးကြောင်း သိလိုက်ရသည်။ထို့ပြင် ရှောင်းကျန့်ရဲ့ သူ့အပေါ်ထားတဲ့ သဘောထားဟာ သူထင်ထားသည်ထက် လေးနက်ကြောင်း သူသိရှိသွားလေပြီ။

ထိုစဥ် ရှောင်းကျန့်အခန်းဆီကိုလာသည့် ရှောင်းရှင်းယန်ဟာ သူ့ကို တွေ့သွားပြီး ပြောရန်ပြင်လိုက်ပေမဲ့ ဝမ်ရိပေါ်က တားလိုက်ရလေသည်။

ရှောင်းရှင်းယန်တို့ ထွက်သွားတော့ ရှောင်းကျန့် ပြောတာကို ကြားလိုက်ရသည်။သူ့ကို ကာကွယ်ပေးမည်တဲ့။ထိုခဏ၌ သူ့ဦးနှောက်မှာ ဘာကိုမှ မတွေးနိုင်လောက်အောင် ဖြစ်သွားပြီး စိတ်လိုက်မာန်ပါတွေ လုပ်မိသွားသည်။

"ငါတို့ လက်ထပ်ကြမယ်"

ဒီစကားဟာ စိတ်မြန်ကာ ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ့ရဲ့တကယ့်စိတ်ရင်းဆိုတာ သေချာလေသည်။အရင်ကတော့ အချစ်ကို သေချာမသိသောကြောင့် ရှောင်းကျန့်ကို ချစ်မိနေမှန်း သေချာမသိခဲ့ပေ။

အခုကတော့ သေချာသွားခဲ့လေပြီ။ထိုအဆိုးလေးကို သူချစ်နေမိပြီ။သူ့ကို ကာကွယ်ပေးမည်ဆိုသော စကားက သူ့ရဲ့ခံစားချက်တွေကို သိသွားစေခဲ့တာ ဖြစ်သည်။

သူ့ဘဝမှာ ငယ်ငယ်ထဲက ကြားခဲ့ရတဲ့ စကားတစ်ခွန်းရှိသည်။ပထမဆုံး သူ့မိဘတွေက စပြောခဲ့တာ ဖြစ်သည်။

"ရိပေါ်လေး...သားက အင်အားကြီးလာရမယ်နော်....အဲ့တာမှ အမေတို့ကို ကာကွယ်နိုင်မှာ"

သူ့ရဲ့ ဉာဏ်ရည်ထက်မြတ်မှုကြောင့် ဦးရီးတော်ဖြစ်သူ ဝမ်ဘုရင်ကြီးထံ ပညာသင်ခဲ့တုန်းကတော့

"ရိပေါ်.....မင်းက ဉာဏ်ရည်ထက်မြတ်လွန်းတယ်....အနာဂတ်ကျရင် အမတ်တစ်ယောက် ဖြစ်လာပြီး တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ပါ"

Moonlight and firefly(Completed)Where stories live. Discover now