(1)မင်းသားမဟုတ်ဘူးလား

25.7K 1.3K 96
                                    

ဂျပန်နိုင်ငံ တိုကျိုမြို့ကြီးထဲရှိ လူရှင်းသော လမ်းကြိုလမ်းကြားထဲတွင် ကောင်လေးတစ်ယောက် ပြေးလွှားနေသည်။သူ့အနောက်မှာ အနက်ရောင်ဝတ်စုံတွေနဲ့ လူအယောက်၃၀လောက် လိုက်ပါလာသည်။

ထိုကောင်လေးဟာ လမ်းကြားတွေထဲကို ကွေ့ဝိုက်ပြီး ​ပြေးနေသော်လည်း လမ်းကဆုံးသွားကာ ပိတ်မိသွားလေသည်။

"မင်းဘယ်ပြေးဦးမလဲ"

"ဟဲဟဲ.....ညီအကိုတို့ကလည်း ငါက မင်းတို့ဆီက ပြေးနေတာ မဟုတ်ဘူး....ခွေးတွေလိုက်လို့ ပြေးနေရုံပါ"

"ရှောင်းကျန့်......အပိုတွေ ပြောမနေနဲ့....မင်းလိမ်သွားတဲ့ကျောက်တွေ ဘယ်မှာလဲ"

"ဘာကျောက်လဲ?မသိဘူး....ကြည့်ရတာ ကျောက်စရစ်ခဲထင်တယ်"

"ငါတို့ကို မလှိမ့်တပတ် လာမလုပ်နဲ့....ငါတို့bossဆီက မင်းရောင်းပေးမယ်ဆိုပြီး ယူသွားတဲ့ ကျောက်တွေလေ"

"အာ.....အဲ့တာလား.....ရောင်းမလို့ ယူသွားပါတယ်ဆိုမှတော့ ရောင်းလိုက်ပြီပေါ့"

ရှောင်းကျန့်ဟာ လူအများကြီးက သူ့ကို ဝိုင်းထားသော်လည်း မကြောက်မလန့် ပြန်ပြောသည်။သူက လူလိမ်တစ်ယောက်ဖြစ်ပြီး များစွာသော လူများစွာကို လိမ်ဖူးလေသည်။

အခုလည်း တရုတ်မှာ ဖမ်းဝရမ်းအထုတ်ခံထားရတာမို့ ဂျပန်သို့ ရောက်နေခြင်း ဖြစ်သည်။အခုသူသွားစမိတဲ့လူက လူဆိုးဂိုဏ်းတစ်ခုကမို့ အလိုက်ခံနေတာဖြစ်သည်။

"ဒါဆို အဲ့ကရတဲ့ ပိုက်ဆံတွေ ဘယ်မှာလဲ"

"သုံးလိုက်ပြီလေ....အဲ့ကရတဲ့ သုညပေါင်းများစွာက အခုတော့ သုညတစ်လုံးဘဲ ကျန်တော့တယ်..."

"မင်း.....သူ့ကို အသေသတ်ပစ်ကြ"

ထိုလူအယောက်၃၀ ဟာ ရှောင်းကျန့်ကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။

"ဟားဟား.....မင်းတို့လူအင်အားနဲ့ နိုင်မယ်ထင်နေတယ်ပေါ့....ငါကလူလိမ်ဘဲ လုပ်တာမဟုတ်ဘူး....သူခိုးလည်း လုပ်သလို ဓားပြလည်း လုပ်တယ်...."

ရှောင်းကျန့်ရဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်မှုကို တစ်ယောက်မှ မမှီသည့်အတွက် အကုန်လုံး ခံလိုက်ရတော့သည်။

Moonlight and firefly(Completed)Onde histórias criam vida. Descubra agora