ရှောင်းကျန့်တို့တစ်ဖွဲ့လုံး ကျောင်းတော်ရှေ့တွင် အောင်စာရင်းကို စောင့်ဆိုင်းနေကြသည်။
"အကိုကြီး.....ကျွန်တော်တို့အောင်ပါ့မလား"
"မင်းတို့အောင်မအောင်တော့ ငါမသိဘူး.....ငါကတော့ ကျိန်းသေပေါက်အောင်မှာ"
ရှောင်းကျန့်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလေသည်။ချန်းရီတို့ဟာ နဝေတိမ်တောင် ဖြစ်သွားကြသည်။
"ဘာလို့ အရမ်းသေချာနေတာလဲ"
"ဟုတ်တယ်....မေးခွန်းကြိုသိတာလား....ဒါမှမဟုတ် ခိုးချတာလား"
"ဒီလောက်လွယ်တဲ့မေးခွန်းကို ခိုးချစရာလားလို့....ငါအောင်မဲ့အကြောင်းအရင်းက အဖြေစာရွက်တွေ အများကြီးဘဲမို့လို့....တစ်ရွက်မဟုတ်တစ်ရွက်တော့ အောင်လိမ့်မယ်"
"ဟမ်.....ဘယ်တုန်းက စာရွက်တွေ ပါတာလဲ"
"ကျောင်းထဲမဝင်ခင်ထဲက ကြိုယူလာတာ"
"ဒါဆို အဖြေပြန်အပ်တုန်းကကော"
"ငါက တော်တယ်လေ....အဖြေလွှာတွေကို ကပ်ထားတာ....သူတို့က တစ်မိနစ်ပြီးတာနဲ့ ပြန်ကွာသွားမှာ"
"အဲ့လိုလား....တော်လိုက်တာ....ကျွန်တော်တို့ကိုလည်း အဲ့နည်းလမ်းသင်ပေးတာ မဟုတ်ဘူး"
"မင်းတို့သိလည်း ငါ့လို လူမသိအောင် လုပ်နိုင်တာလည်း မဟုတ်ဘဲနဲ့"
အကုန်လုံးက ထောက်ခံလိုက်ကြသည်။သူတို့က ရှောင်းကျန့်လို ခိုးတာဝှက်တာတွေ လိမ်တာညာတာတွေမှာ ဆရာမကျသေးပေ။
"ကျွန်တော်ကတော့ ကျမှာ သေချာတယ်"
မျောက်ကလေးက စိတ်မချမ်းမသာ ပြောသည်။သူဖြေထားတာ သူအသိဆုံးပင်။
"မင်းဘာဖြေခဲ့လို့လဲ.....လူဆိုတာက လူပါဘဲဆိုပြီးလား..."
ချန်းရီကစနောက်ပြီး မေးလိုက်သည်။သူကတော့ ယုံကြည်မှုအပြည့်နဲ့ ဖြစ်သည်။
"ငါဖြေခဲ့တာက......'လူဆိုတာ.....မျောက်မဟုတ်ဘူး'လို့"
"ဟားဟား.....မှန်လိုက်တဲ့စကား"
"မပူနဲ့....မင်းရဲ့အတွေးကို သဘောကျတဲ့သူနဲ့တွေ့ရင် အောင်သွားလိမ့်မယ်"
YOU ARE READING
Moonlight and firefly(Completed)