ဒီနေ့မှာ တိုင်းပြည်အသီးသီးစုရုံးပွဲကြောင့် လာရောက်ကြမည့် အိမ်နီးချင်းတိုင်းပြည် ငါးခုအတွက် ကြိုဆိုပွဲကျင်းပရန် နန်းတော်ထဲတွင် ပြင်ဆင်နေကြသည်။
ထိုတိုင်းပြည်က လူတွေကို ကြိုဆိုရန် ရာထူးကြီးသူများနှင့် ပြိုင်ပွဲဝင်မည့်သူများ တက်ရောက်ကြရသည်။ရှောင်းကျန့်ဟာလည်း ဝမ်ကတော်မို့ ဝမ်ရိပေါ်အနောက်တွင် နေကာ လိုက်ငေးနေတော့သည်။
ဝမ်ဘုရင်ကြီးဟာ အရမ်းကို တက်ကြွနေပြီး ရောက်လာကြမည့်သူတွေကို စောင့်ဆိုင်းနေသည်။ထိုစဥ် ရဲမက်တစ်ယောက်က အိမ်နီးချင်းတိုင်းပြည်မှ လူတွေ ရောက်လာကြောင်း ကြေညာလိုက်သဖြင့် လူတိုင်းရဲ့အာရုံဟာ နန်းတော်အဝင်ဝကို ရောက်သွားကြသည်။
ပထမဆုံး ဝင်လာတာကတော့ မိုတိုင်းပြည်က အိမ်ရှေ့စံ ဦးဆောင်သည့်အဖွဲ့ဖြစ်သည်။အိမ်ရှေ့စံဟာ ဝမ်ဘုရင်ကြီးအား ပြုံးကာ ဂါရဝပြုလိုက်သည်။
"အရှင်မင်းကြီးကို ကျွန်တော် မိုရှားက ဂါရဝပြုပါတယ်"
"ဒီတစ်ခေါက်တော့ မင်းဦးဆောင်လာတာဘဲ"
"ဟုတ်ပါတယ် မင်းကြီး.....ခမည်းတော်က ဒီရက်ပိုင်း ကျန်းမာရေးသိပ်မကောင်းလို့ မလိုက်လာဖြစ်တာပါ....ပြီးတော့ မိုတိုင်းပြည်ရဲ့တောင်ပိုင်းမှာ မိုးခေါင်မှုဖြစ်ပေါ်နေတဲ့အတွက် အမတ်တွေတောင် မအားလပ်ကြပါဘူး"
"ကိုယ်တော် ကြားမိပါတယ်.....အစက မင်းတို့ကို မလာဖြစ်ဘူးတောင် ထင်နေတာ...လာရောက်တဲ့အတွက် ဝမ်းသာပါတယ်"
"ကျေးဇူးအထူးတင်ရှိပါတယ်"
မိုရှားဟာ ရုပ်ရည်ချောမောသူမို့ သူဝင်လာထဲက ဆုရှားလုနဲ့ရှောင်းကျန့်မျက်လုံးတွေဟာ မိုရှားကိုယ်ပေါ်မှာ ကပ်နေကြသည်။
"အရမ်းချောတာဘဲ"
ရှောင်းကျန့်ရဲ့အသံတိုးတိုးကို အရှေ့က ဝမ်ရိပေါ်က ကြားသဖြင့် နောက်လှည့်ကာ အကြည့်စူးစူး ပေးလိုက်မှ ရှောင်းကျန့်တစ်ယောက် ငြိမ်ကုပ်သွားသည်။
"ငါဝမ်ဖုန်းခိုင်ကို ပစ်ပြီး သူ့ကြိုက်လိုက်ရမလား"
ရှောင်းကျန့်တစ်ယောက် ပွဲစီစဥ်သူကို ရိုက်သတ်ချင်ပါသည်။သူဘယ်မှာထိုင်ထိုင် သူတို့အနားမှာ ဆုအိမ်တော်ရှိသဖြင့် ဆုရှားလုနဲ့သူနဲ့က ဘေးချင်းကပ်ဖြစ်နေတော့သည်။
YOU ARE READING
Moonlight and firefly(Completed)