ရှောင်းကျန့် သူ့ရှေ့က ကလေးတစ်ယောက် ချီထားတဲ့ ကလေးအဖေအား မျက်စောင်းခဏခဏ ထိုးနေသည်။
"ရှောင်းကျန့်.....မင်းရဲ့မျက်စောင်းကသာ သေစေနိုင်တယ်ဆိုရင် ကိုယ်ခဏခဏ သေနေပြီ"
"သေတော့လည်း ကောင်းတာပေါ့"
"ကိုယ်သေရင် မင်းမုဆိုးဖို ဖြစ်မှာနော်"
"နောက်တစ်ယောက် ယူလိုက်မှာပေါ့"
"ပြန်ပြောလိုက်စမ်း"
"......"
'ပြောခိုင်းတိုင်း ပြောစရာလား'ရှောင်းကျန့် သူ့အနေနဲ့ ဝမ်ရိပေါ်အား စိတ်ဆိုးနေပါသော်လည်း သေတွင်းတော့ မတူးချင်ပေ။
"ပြောပါဦး.....ကိုယ့်ကို ဘာကြောင့် စိတ်ဆိုးနေတာလဲ"
"ခင်ဗျား ပြောကြည့်စမ်း....ဝမ်ရှောင်ရီရဲ့အသက် ဘယ်လောက်ရှိပြီလဲ"
"၈လလေ"
"ဟုတ်တယ်...ခင်ဗျားသားက ရှစ်လဘဲ ရှိသေးတာ...တစ်နှစ်တောင် မပြည့်သေးဘူး...အဲ့တာကို ကျွန်တော့်မှာ ဒုတိယကိုယ်ဝန် ရနေပြီ....နှစ်လရှိနေပြီတဲ့....ပြောပါဦး ကျွန်တော် စိတ်မဆိုးသင့်ဘူးလား"
"ကောင်းတာပေါ့....ကလေးတွေ တစ်ယောက်နဲ့တစ်ယောက် အဖော်ရပြီ"
"ခင်ဗျား မမွေးရတိုင်း ပြောမနေနဲ့.....ဆုရှားလုတောင် လင်မယူရသေးဘူး....ကျွန်တော်က ကလေးနှစ်ယောက် ရတော့မယ်"
"ဒါဆို ဆုရှားလု ယောကျ်ားယူရင်တော့ မင်းအဆင်ပြေတယ်ပေါ့"
"ဟုတ်တယ်"
"ကောင်းပြီ"
ရှောင်းကျန့်ဟာ စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တာ ဖြစ်သည်။သို့သော် နောက်တစ်နေ့၌ ဆုရှားလုရဲ့ လက်ထပ်မည့်သတင်းအား ကြားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
.............ညနေရောက်တော့ ဆုရှားလုတစ်ယောက် ရှောင်းကျန့်ဆီ ရောက်လာပြီး ပြဿနာ ရှာပါတော့သည်။
"ရှောင်းရှောင်ကျန့်.....နင့်ကြောင့် ငါယောကျ်ားရတော့မယ်"
"ဘာဆိုင်လို့လဲ....ရှားထူရိက နင့်ရည်းစားလေ....ပြီးတော့ ငါက နင်တို့ကို အတင်းပေးစားနေတာလည်း မဟုတ်ဘူး"
BINABASA MO ANG
Moonlight and firefly(Completed)