ဦးလေးပေါ် သေဆုံးပြီးနောက်ပိုင်းမှာ ဝမ်ကျားရန်ဟာ ထိုဂိုဏ်းရဲ့ အမွေဆက်ခံသူအဖြစ် လေ့ကျင့်ခဲ့သလို ရှောင်းကျန့်ဟာလည်း အရမ်းတော်တဲ့ သူခိုးကြီး၏ တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။
အရွယ်ရောက်လာတာနဲ့ ရှောင်းကျန့်ဟာ ဝမ်ကျားရန်ရဲ့ ပစ်မှတ်တိုင်းကို စုံစမ်းပြီး အမျိုးမျိုး ဒုက္ခပေးခဲ့သည်။သို့သော် ဝမ်ကျားရန်ကတော့ ရှောင်းကျန့်အား လက်ဖျားနဲ့ပင် မထိခဲ့ပေ။
သူ့အတွက်တော့ ရှောင်းကျန့်ဟာ သူ့ကိုမုန်း၍ လိုက်မွှေနေတဲ့ ကလေးတစ်ယောက်သာ ဖြစ်သည်။ထို့ကြောင့် အမြဲတမ်း လွှတ်ထားပေးခဲ့တာ ဖြစ်သည်။
သို့သော် ဝမ်ကျားရန်ဟာ ရှောင်းကျန့်နဲ့ပက်သက်ရင် အတ္တအရမ်းကြီးလေသည်။ရှောင်းကျန့် သူ့ကို မချစ်ရင်တောင် ဘယ်ယောကျ်ား ဘယ်မိန်းမကိုမှ ချစ်ခွင့်မပေးနိုင်ပေ။ဒါကိုလည်း အမှားတစ်ခုဟု ဘယ်တော့မှ မယူဆခဲ့ပေ။
အခုချိန်မှာတော့ ဝမ်ကျားရန်ဟာ နန်းတော်ရဲ့ ဂိတ်ဝကို ရောက်လာခဲ့သည်။သူနဲ့ ပူးပေါင်းထားသူ ဟေဂန်နိုင်ငံက အိမ်ရှေ့စံဟာ အနောက်ဘက်ခြမ်းမှာ တိုက်ခိုက်နေပြီး သူက အရှေ့ဘက်ခြမ်းကို တိုက်ခိုက်တော့သည်။
သူ့ကို ထောက်ခံတဲ့အမတ်တွေရဲ့ လူတွေကလည်း ပူးပေါင်းသဖြင့် အင်အားက အရမ်းတောင့်တင်းလေသည်။အခုချိန်ဟာ ရှောင်းစစ်သူကြီး နယ်စပ်ကို ရောက်နေသောကြောင့် တိုက်ခိုက်ဖို့အကောင်းဆုံးအချိန် ဖြစ်သည်။
အခုချိန်ဟာ မနက်တစ်နာရီသာ ရှိသေးတာကြောင့် ကောင်းကင်က မဲမှောင်နေပြီး ရဲမက်တချို့ အနားယူနေကြသဖြင့် ဂိတ်ဝကို လျင်မြန်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
နန်းတော်ထဲရှိ အိမ်ရှေ့စံနန်းဆောင်နဲ့ အခြားအဆောင်တွေအား အမြန်ဘဲ သိမ်းပိုက်လိုက်ပြီး ဘုရင့်နန်းဆောင်ဆီသို့ ချီတက်တော့သည်။
သို့သော် သူ့စိတ်ထဲ တစ်ခုခု မှားနေသလို ခံစားနေရသည်။ဘာကြောင့် သူ့ကိစ္စတွေက လွယ်ကူနေရတာလဲ။သူ့အတွေးပင် မဆုံးသေးခင် ပေါ်လာသည့် မြောက်မြားစွာသောစစ်သားတွေ။ဦးဆောင်သူက ရှောင်းစစ်သူကြီးနဲ့ သူ့မြေးကြီး ရှောင်းရှင်းယန် ဖြစ်သည်။
YOU ARE READING
Moonlight and firefly(Completed)