ရှောင်းကျန့်တစ်ယောက် ဝမ်ရိပေါ်ဆီကနေ စိတ်ဆိုးဆိုးနဲ့ ပြန်လာခဲ့သည်။အခန်းထဲရောက်တော့ ရှောင်းရှင်းယန်က သူ့ရဲ့ အုံ့မှိုင်းနေတဲ့မျက်နှာကို သတိထားမိသွားသည်။
"ဘာဖြစ်လာတာလဲ"
"ဝမ်ရိပေါ်က ကျွန်တော့်ကို စော်ကားလိုက်တယ်"
"......."
ရှောင်းရှင်းယန်က ရှောင်းကျန့်စကားကြောင့် ထိတ်လန့်သွားပေမဲ့ သူ့ညီလေး အားငယ်နေမည်ဆိုးကာ တည်တည်ငြိမ်ငြိမ်သာ နေလိုက်သည်။
"ကျွန်တော်အခု ဘယ်လိုလုပ်ရမလဲ"
"သူ့ကို တာဝန်ယူခိုင်းရမှာပေါ့.....ရှောင်းအိမ်တော်က အဲ့လိုလုပ်တာကို လုံးဝသည်းမခံနိုင်ဘူး"
"ဟုတ်တယ်...သူ့ကို တိုင်ကြားရမယ်...အသရေဖျက်မှုနဲ့"
"မင်းပြောတာ ငါမသိပေမဲ့ မင်းအကိုတစ်ယောက်အနေနဲ့ မင်းကို ကာကွယ်ပေးမယ်....ဝမ်ရိပေါ်က သူ့ကလေးအတွက် တာဝန်ယူကိုယူရမယ်"
"ဟမ်.....ကလေး?ဘယ်က ကလေးလဲ"
"သူမင်းကို စော်ကားလိုက်တော့ မင်းကိုယ်ဝန်ရနိုင်တယ်လေ"
"မဟုတ်ဘူး....မဟုတ်ဘူး.....ကျွန်တော်ပြောတာက သူက စကားနဲ့ စော်ကားလိုက်တာပါ....ကျွန်တော့်လက်ရေးက သူတောင်းစားလို စုတ်ပြတ်တယ်တဲ့"
"အာ.....အဲ့လိုလား"
"ဟုတ်တယ်....ကျွန်တော် သည်းမခံနိုင်ဘူး"
"အဲ့တော့ မင်းက ဘာလုပ်ချင်လို့လဲ"
"သူ့ကို ဖက်နမ်းချင်တယ်"
"........"
"သူ့မျက်နှာကြီး ပေါက်ထွက်သွားတဲ့အထိ နမ်းချင်တာ"
"ငါ......အပြင် ခဏသွားဦးမယ်"
ရှောင်းရှင်းယန်တစ်ယောက် သူ့ညီရဲ့ စကားတွေကို ဆက်နားမထောင်ချင်တော့သဖြင့် အပြင်သို့ ထွက်လာလိုက်သည်။သူထွက်လာတဲ့အချိန်မှာ ဘေးအခန်းက တစ်ယောက် ထွက်လာတာနဲ့ တိုးသဖြင့် မျက်လုံးချင်းဆုံသွားသည်။
တစ်ဖက်က ကောင်လေးဟာ သူ့ကိုမြင်တာနဲ့ လှည့်ကာ ထွက်ပြေးတော့သည်။ဘာဖြစ်သွားလဲဆိုတာကို စဥ်းစားချိန်တောင် မရလိုက်ပေ။
YOU ARE READING
Moonlight and firefly(Completed)