ရှောင်းကျန့်တစ်ယောက် ခြေထောက်အခြေအနေကြောင့် ကျောင်းကို ခွင့်ယူထားပြီး ရှောင်းအိမ်တော်မှာ ပြန်နေဖြစ်နေသည်။
"ကျန့်ကျန့်ရယ်.....မကြီးမငယ်နဲ့ လှေကားပေါ်က ပြုတ်ကျရလားဟဲ့"
"အမေကလည်း ခြေထောက်မှာ မျက်စိမှမပါတာကို"
"ငါ့ကို ပေါက်ကရတွေ လာမပြောစမ်းနဲ့....ညကလည်း အိမ်မက်ယောင်ပြီး ခုန်ပေါက်နေတယ်တဲ့....နင်ကလေးလားဟမ်....၁၈ဘဲ ပြည့်တော့မယ်....မရင့်ကျက်နိုင်ဘူး"
"အမေက သားကို ကလေးမဟုတ်တော့ဘူးလို့ပြောပြီး ကလေးလို ဆူပူနေတယ်...သူများက ခြေထောက်နာနေတာကို"
"ငါထုလိုက်ရ..."
"ချွေးမလေးရယ်.....မြေးကို ဆူမနေပါနဲ့တော့....ဒါက မတော်တဆပါ...နမော်နမဲ့ကြောင့်ဖြစ်တာ မဟုတ်ပါဘူး"
"အဖေပြောလို့ နင်သက်သာသွားတယ်မှတ်"
အမေရှောင်းဟာ ရှောင်းကျန့်အား ကျိမ်းပြီး ထွက်သွားတော့သည်။သူမကတော့ သူမသားဟာ အမြဲဗရုတ်သုတ်ခတွေဘဲ လုပ်နေတာကြောင့် ဒီလိုဖြစ်တာလို့ ထင်နေတာ ဖြစ်သည်။
ရှောင်းစစ်သူကြီးကတော့ ရှောင်းကျန့်နားမှာ ဝင်ထိုင်လိုက်ပြီး ကြင်နာစွာနဲ့ သူ့မြေး စားချင်တာတွေကို မေးနေသည်။
"မြေးက ဘာမှမစားချင်ပါဘူး"
"ဘာလို့လဲ....နေမကောင်းလို့လား"
"လူကနေကောင်းပါတယ်...ဒါပေမဲ့ စိတ်ကနေမကောင်းဘူး"
"ဘာဖြစ်တာလဲ.... အဖိုးကိုပြောပြ....အဖိုးလုပ်ပေးနိုင်တာ အကုန်လုပ်ပေးမယ်"
"ဒါဆို အမတ်ဝမ်ကို ဒီကိုလာအောင် ခေါ်ပေးပါလားဟင်....ကျွန်တော်သူ့ကို မတွေ့ရတာ ကြာနေပြီ အဖိုးရဲ့"
"......"
'ငါကြားတာက မနေ့က ဝမ်ရိပေါ်က ကျန့်ကျန့်ကို သတင်းမေးဖို့ လာတယ်တဲ့....အခုမှ နေ့လည်ခင်းဘဲ ရှိသေးတော့ သူတို့မတွေ့ရသေးတာ တစ်ရက်တောင် မပြည့်သေးဘူးလေ'ရှောင်းစုတစ်ယောက် မနိုင်စိန်မြေးဖြစ်သူကို မတတ်နိုင်စွာ ကြည့်လိုက်ပြီး သူ့ငယ်သားတစ်ယောက်ကို ခေါ်ကာ အမတ်ဝမ်အား သွားဖိတ်ခိုင်းရတော့သည်။
..............
VOUS LISEZ
Moonlight and firefly(Completed)