(28)ပျင်းလို့ခိုးတာ

6.9K 897 76
                                    

ရှောင်းကျန့်တစ်ယောက် အုန်းလီဝမ်ရဲ့အတန်းတွင် စာလိုက်မကြည့်ဘဲ တစ်စုံတစ်ရာကို တွေးနေသည်။မနေ့က သူ့နာမည်ပါသည့်ကိစ္စကြောင့် ရှောင်းကျန့်အား အမြင်မကြည်သော အုန်းလီဝမ်ဟာ ပိုပြီး ဒေါသထွက်လာတော့သည်။

"ရှောင်းရှောင်ကျန့်...."

"......."

"ရှောင်းရှောင်ကျန့်"

"......."

သူ့မှာ အသံမထွက်မတတ် အော်ခေါ်နေသော်လည်း ရှောင်းကျန့်က ပြန်မထူးတာကြောင့် ရှောင်းကျန့်ခေါင်းအား ပိတ်ရိုက်လိုက်တော့သည်။

"ဆရာအုန်း...ဘာကိစ္စနဲ့ ခေါင်းကို ရိုက်ရတာတုန်း....နဂိုထဲက ဉာဏ်မကောင်းပါဘူးဆို....ကျွန်တော် စာမေးပွဲကျရင် ဆရာအုန်းအပြစ်ဘဲ"

"ပါးစပ်ပိတ်ထား ...မင်းပြောစမ်း.....ငါစာသင်နေတာကို ဘာတွေတွေးနေတာလဲ"

"ကျွန်တော်က နာမည်တွေအကြောင်း တွေးနေတာပါ"

"ပြောစမ်းပါဦး.....မဟုတ်တာ ပြောလို့ကတော့.... အပြစ်ပေးခံရမယ်"

"ဒီလိုပါ....လူတွေက ခေါ်ကြတယ်......မျက်လုံးပေါ်မှာ ပေါက်တဲ့အမွှေးကို မျက်ခုံးမွှေး....နှုတ်ခမ်းပေါ်မှာ ပေါက်တဲ့အမွှေးကိုကျ နှုတ်ခမ်းမွှေး.... ဒါဆို မေးစေ့မှာ ပေါက်တဲ့အမွှေးက မေးစေ့မွှေး မဟုတ်ဘဲ မုတ်ဆိတ်မွှေး ဖြစ်နေရတာလဲ"

"ဘာပေါက်ကရတွေ စဥ်းစားနေတာလဲ....စာသေချာကြည့်"

"ကျွန်တော် စဥ်းစားနေတာ ကျန်သေးတယ်....ဒီတစ်ခုဘဲ ပြောမှာ...ပြီးရင် ဆရာ့သဘောအတိုင်းဘဲ"

"ပြော"

"ကျွန်တော်စဥ်းစားနေတာက ဆရာအုန်းက ဘာကြောင့် ရုပ်ဆိုးပြီး ဒေါသကြီးနေတာလဲလို့"

"ရှောင်း ရှောင် ကျန့်"

အုန်းလီဝမ်၏ ဒေါသတကြီး အော်သံကြီးဟာ အခြားအခန်းတွေထိပါ ပျံ့နှံ့သွားသည်။အခြားအခန်းမှာ စာသင်နေတဲ့ ဝမ်ရိပေါ်ပါ ကြားသွားတော့သည်။

"ဆရာအုန်းကို ဘယ်သူကများ ရန်သွားစတာပါလိမ့်"
............

ရှောင်းကျန့်တစ်ယောက် ဆရာအုန်းကို ပြဿနာ ရှာပြီးနောက် ငြိမ်နေလေသည်။သူငြိမ်နေရခြင်းမှာ အခုအတန်းက သူ့အဖိုးရဲ့အတန်းမို့လို့ ဖြစ်သည်။

Moonlight and firefly(Completed)Donde viven las historias. Descúbrelo ahora