အပိုင်း (၄၀၁) - ချစ်စရာကောင်းသော အိမ်မက်လေး

2.9K 318 10
                                    

Zawgyi


ထိုသံကြိုး၈ကြိုးသည် လောင်ကျွမ်းခြင်းပြီးဆုံးရန် ၁နာရီမျှ ကြာသည်။ ထိုသည်မှာ သူ၏ သန်မာမှုကို ပြသနေသည်။

"ချွမ်း ချွမ်း"

နောက်ဆုံး သံကြိုးသည် ပြေသွားကာ အိမ်မက်နတ်ဆိုးမိစ္ဆာသည် သူရပ်နေသည့်နေရာတွင် ခြေဆောင့် ကာ ပါးစပ်မှလည်း ပျော်ရွှင်စွာ အသံများထွက်လေသည်။ သူသည် ထပ်ပြီး ပိတ်မနေတော့သည်ကို သိသည်နှင့် ချက်ချင်းပင် ရှီမာယူယူအား ခုန်အုပ်လိုက်လေသည်။

"ဟီး ဟီးးဟီ" အိမ်မက်နတ်ဆိုး မိစ္ဆာသည် ရှီမာယူယူအား ခုန်အုပ်ပြီး လျှာဖြင့် သူမမျက်နှာ တစ်ခုလုံး အား လျက်တော့သည်။

ရှီမာယူလင်းသည် ဘေးတွင် ရှိနေသည်။ အိမ်မက်နတ်ဆိုးမိစ္ဆာသည် သူမ မျက်နှာအား ခွေးတစ်ကောင် ကဲ့သို့ လျက်နေသည်ကို တွေ့သည်နှင့် ဒီကောင်သည် အမှန်တကယ်ခွေး ကဲ့သို့ပင် မှတ်ယူလိုက်ရတော့သည်။

သူပြောသော စကားကို ရှီမာယူယူ နားမလည်ပေ။ သူမ ထကာ မိုရှားအား ခေါ်ပြီး ပြောလိုက်သည် "ငါ ဘယ်လို စာချုပ်ချုပ်လို့ရမလဲ"

"တကယ်တော့ အင်ပါယာမိစ္ဆာကျမ်းနဲ့ဆိုရင် လုပ်နိုင်တယ်၊ ဒါပေမဲ့ မင်းက အရမ်းအားနည်းနေတယ်၊ သူ့ ကို ထိန်းကျောင်းဖို့ နည်းလမ်းမရှိဘူး" မိုရှား ပြောလိုက်သည်။

ရှီမာယူယူ သူ့အား စိုက်ကြည့်လိုက်သည်။ ဒါဆို သူ ပြောချင်တာဘာလဲ။

"သူ့ကို သခင်အဖြစ် အရင် အသိအမှတ်ပြုစေချင်တာလား" ရှီမာယူလင်း မေးလိုက်သည်။

"အဲဒါကလည်း မဖြစ်နိုင်ဘူး" မိုရှား ပြောလိုက်သည်။

"ဒါဆို ဘာလုပ်ချင်တာလဲ" ရှီမာယူယူ ဆွံ့အသွားသည်။

ဟိုလိုလည်း လုပ်မရ၊ ဒီလိုလည်း လုပ်မရ။ နတ်ဆိုးမိစ္ဆာကို စာချုပ်ချုပ်ရတာ တကယ် ပြဿနာ တက် တာပဲ။

"ငါ အရင်က မိစ္ဆာထိန်းကျောင်းသူ သခင်ဖြစ်ခဲ့တာ မမေ့နဲ့ဦး" မိုရှားသည် ရှီမာယူယူအား စိုက်ကြည့် လိုက်သည်။ ဒီကောင်လေးရဲ့ ဦးနှောက်က တစ်ခါတစ်လေ သုံးမရဘူး။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now