အပိုင်း (၅၁၇) - ကျောက်များဖြင့် လောင်းကစားခြင်း (၄)

2.5K 286 3
                                    

Zawgyi


"ညီမလေး ၃ အဓိပ္ပာယ်မရှိတာမလုပ်နဲ့" သူမနှင့် ရှိနေသော အမျိုးသားသည် သူမအား ကြိမ်းမောင်း လိုက်သည်။

"အစ်ကို၂ မတားပါနဲ့" ထိုအမျိုးသမီးသည် ရှီမာယူယူအားကြည့်ပြီး ပြောလေသည် "ရှင့်ကျောက်တုံးက အလယ်အလတ်အဆင့်ရှိတဲ့ ကျောက် ၂သောင်းစာတန်ဖိုးရှိတဲ့ ဝိဥာဉ်ကျောက်ကိုထုတ်နိုင်မယ်ဆိုရင် ရှင့်ကို ကျေကျေနပ်နပ်နဲ့ ၂ဆပေးမယ်၊ အဲလိုမဟုတ်ရင် တော့... ရှင် ကျွန်မကို ဖန်ကျောက် ၁သိန်းပေးရမယ်"

"ကောင်းပြီ" ရှီမာယူယူ ခေါင်းညိမ့်လိုက်ကာ သဘောတူညီမှုပြီးဆုံးသွားလေသည်။

"ညီမလေး ၃ ဘယ်လိုလုပ် သူများကို..." ဟူလင်းသည် သူမအား တားချင်သော်လည်း သူ့ညီမသည် စကားနားမထောင်ကာ ခေါင်းမာနေသည်။ သို့သော် သူသည် သူမကို စိတ်လက်မာန်ပါလုပ်ခွင့်ပြုမည် မဟုတ်ပေ။

"အစ်ကို၂ ဒီလူက ငြင်းမှမငြင်းတာ ဘာတွေစိုးရိမ်နေတာလဲ" ဟူဖန်ဖန်သည် ပြုံးပြီးပြောလေသည် "ကျွန်မတို့ သဘောတူပြီးပြီဆိုတော့ စဖြတ်လို့ရပါပြီ"

လူတစ်ယောက်သည် ကျောက်များကို လောင်းကြေးထပ်နေချိန်တွင် တခြားသူများ အတွက်လည်း လောင်းကြေးထပ်ရန် အခွင့်အရေးကောင်းပင်ဖြစ်သည်။ ထိုသည်မှာ မြင်နေကျမြင်ကွင်း ဖြစ်သဖြင့် မည်သူမှ မအံ့သြတော့ပေ။ သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် ဆက်စောင့်ကြည့်နေကြသည်။ နောက်ဆုံးတွင် မည်သူ ရှုံးမည် ကို ကြည့်ချင်ကြသည်။

"သခင်ကြီး ဘယ်လိုဖွင့်စေချင်လဲ" ကျွမ်းကျင်သူကမေးလိုက်သည်။

"အလယ်ကနေသာ စဖြတ်လိုက်ပါ" ရှီမာယူယူ ပြောလိုက်သည်။

"ဒါက..သခင်ကြီး သေချာရဲ့လား" ကျွမ်းကျင်သူသည် မေးပြန်သည်။

ပုံမှန်အားဖြင့် အလယ်မှ ဖြည်းညင်းစွာ ဖြတ်လေ့ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် ဝိဥာဉ်ကျောက် တုံး အများစုသည် အလယ်ပိုင်း သို့မဟုတ် အလယ်ပိုင်းဘေးတွင် ရှိတတ်ကြသည်။ အလယ်မှ ဖြတ်မည် ဆိုပါက အထဲရှိဝိဥာဉ်ကျောက်တုံးအား အလွယ်တကူ ပျက်စီးသွားစေနိုင်သည်။ ဝိဥာဉ်ကျောက်ပျက်စီးသွားပါက ဝိဥာဉ် စွမ်းအင်များသည် အပေါက်မှ ယိုစိမ့်လာမည်။ ထို့နောက်တွင် မြန်မြန်အသုံးမပြုပါက ကြာရှည်ခံမည်မဟုတ်ပေ။ ထိုအချိန်တွင် ဝိဥာဉ်ကျောက်တုံးသည် တန်ဖိုးမရှိတော့ပေ။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now