အပိုင်း (၃၇၆) - မှီခိုကင်းတိုင်းပြည်

3K 326 0
                                    

Zawgyi


ရှီမာယူယူသည် သူမ တစ်ကိုယ်လုံး လေဆင်နှာမောင်းထဲတွင် တစ်သီးတစ်ခြား ဖြစ်သွားသလို ခံစားလိုက်ရသည်။ ဒီလမ်းသည် ကြံ့ခိုင်သည့်လမ်း မဟုတ်သည့်ပုံပင်။

ဗွမ်း

သူတို့ ရေထဲကျသည့် အသံနှင့်အတူ တစ်ဖွဲ့လုံးသည် ကန်ထဲသို့ ကျလေသည်။

"အဟွတ်" ရှီမာယူယူသည် ချောင်းဆိုးလိုက်ရာ ရေများထွက်လာ လေသည်။ သူမ ဘေးတွင် ရေများကို တွေ့သည်နှင့် ကျယ်လောင်စွာ ကျိန်ဆဲမိတော့သည်။ ဝင်တိုင်းထွက်တိုင်းမှာ သူမသည် ရေထဲတွင် ကျနေသည်။

"အားလုံး အဆင်ပြေကြလား" ဂေါင်ဖေဖေသည် အားလုံးအား မျက်နှာချင်းဆိုင်ကာ သူမ ပတ်လည်က လူတွေကို မေးလိုက်သည်။

"အကုန်အဆင်ပြေတယ်"

"ကမ်းစပ်ကို သွားရအောင်" ရှီမာယူယူ ပြောလိုက်သည်။ ကံကောင်းစွာပင် ကမ်းစပ်မှာ သိပ်မဝေးက လျင်မြန်စွာပင် ရောက်သွားလေသည်။

"ငါတို့လူနည်းနည်း ပျောက်နေသလိုပဲ" ဝေကျိရွှီသည် သူထင်ထားသည်ထက် လူနည်းနေသည်ကို မြင် မိလေသည်။ သူတို့အဖွဲ့မှာ လူ နှစ်ယောက် သုံးယောက်သာ ရှိလေသည်။

"ဝင်ပေါက်လှုပ်လိုက်တာရော ဝင်တဲ့အချိန်ကွာတာရောကြောင့် တခြားနေရာမှာ သွားကျလိမ့် မယ်" ဂေါင်ဖေဖေသည် အဝတ်များစိုသွားသောကြောင့် သူမ၏ လှပသော ကိုယ်လုံးမှာ အထင်းသားဖြစ်နေ သည်။ သူမ ကိုယ်ပေါ်မှ ရေများခြောက်သွားစေရန်လျင်မြန်စွာ အပူစွမ်းအင်သုံးလိုက်ရာ မူလအတိုင်းပြန် ဖြစ် သွားလေသည်။

"ယူလင်းနဲ့ ယုဖန်ဒီမှာ မရှိဘူး" ဖက်တီးကျူ ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့ ယူလင်း တခြားနေရာ အပို့ခံလိုက်ရတာကို ယွန်ဖန်သိရင် သူ့ကို သွားရှာလိမ့်မယ်၊ သူတို့ နှစ်ယောက်သွားတဲ့အချိန်က သိပ်မကွာတော့ တစ်ယောက်နဲ့တစ်ယောက် နီးနေလိမ့်မယ်" ဂေါင်ဖေဖေ ပြော လိုက်သည်။

"ဒါက မှီခိုင်ကင်း ပြည်ပေါ့၊ ဒီက ဝိဥာဉ်စွမ်းအင်က ငါတို့်လာတဲ့နေရာထက် ပိုထူတာပဲ" ရှီမာယူယူသည် ထိုနေရာအား ခဏတာ ခံစားကာ သူမ မျက်လုံးသည် အားကျမှုများ ပြည့်နေလေသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now